Banner

ပရော်ဖက်ဆာ ပရာစတ်ထ် ပရာပင်မွန်ကိုလ်ကာန်

ပရော်ဖက်ဆာ ပရာစတ်ထ် ပရာပင်မွန်ကိုလ်ကာန်

နိုင်ငံတော်ဆိုင်ရာတယ်လီဆက်သွယ်ရေးကော်မရှင် ဥက္ကဌ

အလုပ်အတွေ့အကြုံ - အများပြည်သူဝန်ဆောင်မှုရာထူးများ (၂၀၀၁ - ၂၀၀၃)
  • အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုကျောင်းသူကျောင်းသားဟောင်းအစည်းအရုံး၏ ဥက္ကဌ
  • အဆင့် ၁၀ ရှိထားသော ချူလာလန်ခေါင်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဘာသာ ပရော်ဖက်ဆာ
  • အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုလူမှုရေးအသင်း၏ ဒါရိုက်တာ၊ ချူလာလန်ခေါင်တက္ကသိုလ် 
  • လျှပ်စစ်ဆိုင်ရာဆက်သွယ်ရေးသုတေသနပြုဓာတ်ခွဲခန်း၏ ဦးဆောင်သူ ၊ လျှပ်စစ်အင်ဂျင်နီယာဌာန ၊ ချူလာလွန်ခေါင် တက္ကသိုလ်  (Chulalongkorn University)
  • ဖွံ့ဖြိုးတိုးတက်မှု နှင့် စီစဉ်မှုအတွက် လက်ထောက်တက္ကသိုလ်ဌာနမှူး ၊ အင်ဂျင်နီယာမဟာဌာန ၊ ချူလာလွန်ခေါင် တက္ကသိုလ်  (Chulalongkorn University) 
  • ဗဟိုအသင်းခေါင်းဆောင် ၊ အနှိမ့်ပိုင်းမဲခေါင်မြစ် 
အမှတ်တံဆိပ်
  • ထိုင်းနိုင်ငံ၏ဘုရင့်အမြင့်မြတ်ဆုံးဖြစ်သောဘွဲ့ ဆာဘွဲ့ရသူရဲကောင်းအဝန်းအရံ (အထူးအတန်း) ၊ ၁၉၉၇
  • ဆင်ဖြူတော်၏အဆင့်မြင့်အမိန့်ပေးနိုင်ဆုံး ဆာဘွဲ့ရသူရဲကောင်းအဝန်းအရံ (အထူးအတန်း) ၊ ၂၀၀၀
ဆုတံဆိပ်
  • ချခ်ရာဘာတိ မာလာ (Chakrabarti Mala) ဆုတံဆိပ် ၊ ၂၀၀၁
အကြံပေးပုဂ္ဂိုလ် သို့မဟုတ် ပါရဂူ (၂၀၁၃)
  • ပညာသင်အကြံပေးပုဂ္ဂိုလ်၊ ထိုင်းနိုင်ငံလွှတ်တော်
  • ပညာရေးအတွက် IT ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဌာန၏ ဒါရိုက်တာ
  • ပညာရေးအတွက် ICT မဟာဗျူဟာစီမံခန့်ခွဲမှု ကော်မတီခွဲ ၊ ပညာရေးဌာန၏ ဥက္ကဌ
  • ကျွမ်းကျင် ဒါရိုက်တာ ၊ သတင်းအချက်အလက်နည်းပညာမဟာဌာန ၊ ဘုရင်မွန်ကူလ်း နည်းပညာတက္ကသိုလ် (King Mongkut’s Institute of Technology)
  • စက်မှုဝန်ကြီး၏အကြံပေးအရာရှိ ၊ စက်မှုဝန်ကြီးဌာန
  • ဒါရိုက်တာ ၊ ကျေးလက်ဒေသနှင့်ရွာများတွင် အဝေးပြေး-အများသုံးတယ်လီဖုန်းအတွက် အသုံးဝင်ဆောင်ရွက်မှုကို  လေ့လာချက်၏ ဒါရိုက်တာ ၊ ထိုင်းနိုင်ငံတယ်လီဖုန်းအဖွဲ့အစည်း
တယ်လီဆက်သွယ်ရေးရာများဝန်ဆောင်မှု အတွေ့အကြုံ
  • ပြည်နယ်စီမံကိန်းလုပ်ငန်းပြန်လည်ပြင်ဆင်မှုအပေါ် အကြံပေးသူ ၊ ထိုင်းနိုင်ငံ၏ တယ်လီဖုန်းအဖွဲ့အစည်း
  • သယ်ယူပို့ဆောင်ရေးဝန်ကြီး နှင့် CAT ဆက်သွယ်ရေး၏ပြင်ဆင်မှုများအပေါ်လေ့လာမှုကိုရယူသည့် ဒါရိုက်တာ
  • ကထိက၊ သင်တန်းစီမံခန့်ခွဲသူ ၊ ထိုင်းနိုင်ငံ၏ တယ်လီဖုန်းအဖွဲ့အစည်း
အမြင်       
  • ဒေါက်တာ ပရာစတ်ထ် ပရာပင်မွန်ကိုလ်ကာန် (Dr. Prasit Prapinmongkolkarn) သည် တယ်လီဆက်သွယ်ရေးရာများအတွက်  သူ၏အမြင်ကို အောက်ပါအတိုင်း ဖော်ပြခဲပါသည် - “တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတစ်နိုင်ငံ၏ အကျိုးရှိထိန်းသိမ်းသောစီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုပ်မြစ်အဖြစ် မြှင့်တင်လုပ်ဆောင်ပေးသည့်အပြင်၊ တယ်လီဆက်သွယ်ရေးဆိုင်ရာ   စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံအတွင်းအကျိုးရလဒ်များ နှင့် ထိုင်းလူမျိုးများအတွက် အမြင့်ဆုံး  အကျိုးကျေးဇူးများအတွက် လွတ်လပ်စွာ၊ အကျိုးရှိစွာ၊ နှင့် တရားမျှတစွာ လုပ်ဆောင်နိုင်စေပါတယ်။”
  • တယ်လီဆက်သွယ်ရေးအခန်းကဏ္ဍမှာ ယဉ်ပြိုင်မှုအလွန်မြင့်မားပြီး ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုလိုအပ်သည့်အပြင်၊ ၎င်း၏ သက်တမ်း  မှာလည်း တိုတောင်းပါသည်။ NTC အနေဖြင့် နိုင်ငံ၏တယ်လီဆက်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အခြားနိုင်ငံများနှင့် တွဲ၍ လူထုနှင့်စားသုံးသူအကျိုးရလဒ်များအတွက် သင့်လျော်အောင်လုပ်ခြင်း၊ တိုးချဲ့ခြင်း နှင့် ယဉ်ပြိုင်ခြင်းတို့ကို ပံ့ပိုးကူညီသွားရန်   ရည်မှန်းထားပါသည်။

အပေါ်ယံမူဝါဒမှအပ၊ NTC ၏ တာဝန်များနှင့်ရည်မှန်းချက်များကိုဖြည့်ဆီးပေးမည့် အဓိကအချက် လေးချက်ရှိပါသည်  -
  • ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် တယ်လီဆက်သွယ်ရေးဆိုင်ရာစီးပွားရေးလုပ်ငန်းနှင့် နိုင်ငံအကျိုးကျေးဇူးများအတွက်သေချာစေရန်   နိုင်ငံတကာဆိုင်ရာတယ်လီဆက်သွယ်ရေးမူဝါဒ၊ - ဥပမာအားဖြင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဆင့်တိုးခြင်းနှင့် ကွန်ယက်အတွက်  နိုင်ငံတကာအဖွဲ့အစည်းနှင့် နိုင်ငံတကာတယ်လီဆက်သွယ်ရေးဆိုင်ရာစီးပွားရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊  ထိုင်းနိုင်ငံအားစီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင်ခြင်း၊ နှင့် အစုရှယ်ယာဝင်များမူဝါဒတစ်ခုကို အစီရင်ခံတင်ခြင်းစ သည့် နည်းဗျူဟာများကို အကောင်အထည်ဖော်ခြင်း၊ ထိုင်းနိုင်ငံအတွင်း MNEs ၏ M&A အပေးအယူများကို တိုးမြှင့်ခြင်း၊ နှင့် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် နည်းပညာကူးပြောင်းမှုကို တိုးမြှင့်ခြင်း။
  •  နိုင်ငံ၏ ICT အပိုင်းအပေါ် မူဝါဒထားရှိခြင်း နှင့် ၂၀၀၉ ခုနှစ် ကန့်သတ်ထိန်းချုပ်မှုထားခြင်းမှကင်းလွတ်ကာလအတွင်း ယဉ်ပြိုင်မှု  များကို တိုးမြှင့်ခြင်း။ NTC အနေဖြင့် အောက်ပါအချက် ၅ ချက်အပေါ် လိုက်နာဆောင်ရွက်သင့်ပါသည် - သွင်းကုန်အစားထိုးကုန်ပစ္စည်းများ တိုးချဲ့ခြင်း၊ ပို့ကုန်များ အားပေးဆောင်ရွက်မှုကို ဖန်တီးပေးခြင်း၊ နိုင်ငံတကာဆိုင်ရာ တယ်လီ ဆက်သွယ်ရေးဝန်ဆောင်မှုအတွက်ကုန်ခံမှုများကို လျော့ချခြင်းအားဖြင့် ဆက်သွယ်ရေးဂြိုလ်တုများနှင့် အင်တာနက်အမြန်နှုန်းမှ တဆင့် နိုင်ငံခြားကိုလည်း တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကိုထောက်ပံ့ပေးသည့် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ခြင်း ၊ ဤအရာတို့သည် ICT စီးပွားရေးလုပ်ငန်းမှ ကွန်ပြူတာညွှန်ကြားချက်စသည့် ထိုင်းနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည့်  တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုအစိတ်အပိုင်းအချို့တွင် ပါဝင်လာကြခြင်း ဖြစ်သည်။
  • စာတိုက်နှင့်ကြေးနန်းဌာနမှရယူခဲ့သည့် လမ်းစဉ်နှင့် ထိုင်းယဉ်ကျေးဇူး၊ နိုင်ငံတကာဆိုင်ရာ တယ်လီဆက်သွယ်ရေးအသင်းမှ  အကြံဥာဏ်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဈေးကွက်တွင်အမှန်တကယ်ရောင်ပြန်ဟက်လာမည့် ကြိမ်နှုန်းပြအလုပ်တာဝန်အစီအစဉ်ကို  NTC မှ လေ့လာ၊ ဆန်းစစ်၊ ဖန်တီးသင့်သော အသံလှိုင်းစဉ်နှင့်ကြိမ်နှုန်းအပေါ် မူဝါဒအလုပ်တာဝန်အစီအစဉ် ။
  • လူသား၊ လူမှုရေး၊ နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့် ဒေသခံနယ်ပယ်များနှင့်ရွာများတစ်လျှောက် နှင့် ဒေသများရှိ လူထုနှင့်ကျောင်းသူကျောင်းသားများအား အခမဲ့အင်တာနက်ရယူနိုင်မှုကို တိုးမြှင့်အားပေးခြင်း နှင့် ပညာရေးနှင့်အခြေခံလိုအပ်မှု  များအတွက် မကြာခဏအကူအညီပေးခြင်းစသည်တို့အပေါ် မူဝါဒထားခြင်း။ 

ဖန်တီးသူ  - Supawan  Sittipanya (02-07-2019 15:47:26)