Banner

อำนาจหน้าที่ของ กสทช. และสำนักงาน กสทช.

ကောဆောထောချော၏ တာဝန်အာဏာ
ကောဆောထောချော၏ တာဝန်အာဏာမှာ အောက်ပါအတိုင်းရှိသည်
1. အသံလိုင်းစီမံခြင်းမော်ဒယ်အစီအစဉ်၊ အမျိုးသားအသံလိုင်းသတ်မှတ်ခြင်းဇယား၊ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း မော် ဒယ်အစီအစဉ်၊ ဆက်သွယ်ရေးလုပ်ငန်းမော်ဒယ်အစီအစဉ်၊ ရေဒီယိုအသံလိုင်းအစီအစဉ်နှင့် ဆက်သွယ်ရေးနံပါတ်အစီအစဉ်များ ပြုလုပ်  ခြင်း
2. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတွင်အသုံးပြုသည့် အသံလိုင်း အကြားတွင် အသံလိုင်းစီမံမှုသတ်မှတ်ခြင်း
3. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း၏ လက္ခဏာနှင့်အမျိုးအစားသတ်မှတ်ခြင်း
4. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း(သို့) ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှုတွင် အသံလိုင်းနှင့်ရေဒီယိုဆက်သွယ်ရေးစက် အသုံးပြုခြင်း ခွင့်ပြုမှုနှင့် ကြီးကြပ်စောင့်ရှောက်မှု သုံးသပ်ပေးခြင်းနှင့် ခွင့်ပြုမှု၊ ကန့်သတ်ချက် (သို့) အဆိုပါခွင့်ပြုခြင်းဝန်ဆောင်မှုကြေးနှင့်ပတ်သက်သည့် ညွှန်ကြားချက်နှင့်နည်းလမ်းများ သတ်မှတ်ခြင်း
5. အသံလိုင်းအသုံးပြုမှု အရည်အသွေးရှိစွာဖြစ်စေပြီး အမျိုးအစားတူလုပ်ငန်းနှင့် အမျိုးအစားတစ်ခုချင်းစီ လုပ်ငန်းအကြား နှစ်ခုစလုံးတွင် အချင်းချင်းနှောင့်ယှက်မှုမှ ကင်းဝေးသည့်အသံလိုင်းအသုံးပြုမှုရှိစေခြင်း ညွှန်ကြားချက်သတ်မှတ်ခြင်း
6. ၀န်ဆောင်မှုသုံးစွဲသူမှ အရည်အသွေးရှိသော၊ မြန်ဆန်သော၊ မှန်ကန်သောနှင့် တရားမျှတမှု ရရှိစေရန်အတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ငန်းရှင်များအား ခွင့်ပြုမှုနှင့် ကြီးကြပ်စောင့်ရှောက်ရေး သုံးသပ်ပေးပြီး ခွင့်ပြုမှု၊ ကန့်သတ်ချက် (သို့) အဆိုပါခွင့်ပြုမှုဝန်ဆောင်မှုကြေးနှင့် ပတ်သက်သည့်ညွှန်ကြားချက်နှင့်နည်းလမ်းများ သတ်မှတ်ပေးခြင်း
7. ဆက်သွယ်ရေးနံပါတ်အသုံးပြုခြင်း ခွင့်ပြုမှုနှင့် ကြီးကြပ်စောင့်ရှောက်ရေး သုံးသပ်ပေးပြီး ခွင့်ပြုမှု၊ ကန့်သတ်ချက် (သို့) အဆိုပါခွင့်ပြုမှုဝန်ဆောင်မှုကြေးနှင့် ပတ်သက်သည့်ညွှန်ကြားချက်နှင့်နည်းလမ်းများ သတ်မှတ်ပေးခြင်း
8. အသုံးပြုခြင်း(သို့)ဆက်သွယ်ခြင်း ညွှန်ကြားချက်နှင့်နည်းလမ်းများ သတ်မှတ်ပေးခြင်းနှင့် ၀န်ဆောင်မှုအသုံးပြုသူ၊ ၀န်ဆောင်မှုပေးသူ နှင့်ရင်းနှီးမြုပ်နှံသူ(သို့) ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးသူအကြားတွင် တရားမျှတမှုရှိစေရန် အမျိုးအစားတူလုပ်ငန်းနှင့် အမျိုးအစား တစ်ခုချင်းစီ၏လုပ်ငန်းအကြား နှစ်ခုစလုံး၏ အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှုတွင် အသုံးပြုခဈေးနှုန်း(သို့) ကွန်ယက်ဆက်သွယ်မှုဈေးနှုန်းသတ်မှတ်ခြင်း နည်းလမ်းနှင့်ညွှန်ကြားချက် သတ်မှတ်ပေးပြီး အများပြည်သူအကျိုးအား အဓိကဦးစားပေး စဉ်းစားပေးခြင်း
9. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတွင် ၀န်ဆောင်မှုကြေးဖွဲ့စည်းပုံနှင့် ၀န်ဆောင်မှုကြေးဖွဲ့စည်းပုံ အား ၀န်ဆောင်မှုအသုံးပြုသူနှင့်ဝန်ဆောင်မှုပေးသူအပေါ်တွင် တရားမျှတမှုရှိစေရန် သတ်မှတ်ပေးပြီး အများပြည်သူအကျိုးအား အဓိက ဦးစားပေးစဉ်းစားပေးခြင်း
10. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် ရေဒီယိုဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှု နည်းပညာပိုင်း စံချိန်စံညွှန်းနှင့် လက္ခဏာများ သတ်မှတ်ပေးခြင်း
11. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ယှဉ်ပြိုင်မှုတွင် တစ်ဦးတည်းချုပ်ကိုင်ခြင်း(သို့) တရားမမျှတမှု ဖြစ်ပေါ်ခြင်း စသည့်ပြုလုပ်မှု မရှိစေရန်ကာကွယ်သည့် စည်းကမ်းချက်သတ်မှတ်ခြင်း
12. ပုဒ်မ 50 အတိုင်း ဆက်သွယ်ရေးအပိုင်းဝန်ဆောင်မှု ပျံ့နှံ့စွာနှင့်တန်းတူညီမျှ ပျံ့နှံ့မှုရှိစေရန် စည်းကမ်းချက်သတ်မှတ်ခြင်း
13. လုပ်ငန်းရှင်မှ ခေါင်းပုံဖြတ်မှုမလက်ခံရရှိစေရန် ပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ရေးကို စောင့်ရှောက်ခြင်းနှင့် ဆက်သွယ်  ရေးပိုင်းမှတဆင့် ဆက်သွယ်ခြင်းတွင် လူပုဂ္ဂိုလ်၏ကိုယ်ရေးကိုယ်တာဖြစ်မှုနှင့်လွတ်လပ်မှု အခွင့်အား စောင့်ရှောက်ပေးခြင်းနှင့် အသံလွှင့် လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် အသံလိုင်းအကျိုးကျေးဇူး ၀င်ရောက်ခြင်းနှင့်အသုံးပြုခြင်း တွင် ပြည်သူလူထု၏ လွတ်လပ်မှုနှင့်တန်းတူညီမျှမှု အခွင့်အရေးအား ထောက်ပံ့ပေးခြင်း
14. နိုင်ငံအတွင်းနှင့် နိုင်ငံခြားအကြားတွင် အသံလိုင်းစီမံမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆွေးနွေးခြင်း
15. အချင်းချင်းနှောင့်ယှက်မှုရှိသည့် အသံလိုင်းအသုံးပြုခြင်းပြဿနာ စူးစမ်းခြင်းနှင့်ဖြေရှင်းပေးခြင်း
16. အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်း လိုက်လံစစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များ  ပေးခြင်း
17. သတင်းအချက်အလက် လက်ခံရရှိမှု လွတ်လပ်ရေးအား နှောင့်ယှက်ဟန့်တားမှုဖြစ်စေနိုင်သော(သို့) ပြည်သူလူထု၏ များပြားသည့် သတင်းအချက်အလက် လက်ခံရရှိခြင်း ပိတ်ဆို့ဟန့်တားမှုဖြစ်စေနိုင်သည့် သတင်းမီဒီယာအချင်းချင်းအကြား(သို့) အခြားပုဂ္ဂိုလ်မှ အသံလိုင်းအသုံးပြုသည့် အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း ထိန်းချုပ်ခြင်း၊ သတင်းမီဒီယာခြားပိုင်ဆိုင်ခြင်း(သို့) ချုပ်ကိုင်ခြင်း လက္ခဏာသတ်မှတ်ခြင်း
18. အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ဆောင်ခြင်း၏ကျင့်ဝတ်ပိုင်း စံချိန်စံညွှန်းပြုလုပ်ရန်နှင့် ကျင့်ဝတ်ပိုင်းစံချိန်စံညွှန်းအောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ဆောင်မှုထိန်းချုပ်ခြင်းအတွက် ပုံစံအမျိုးမျိုးအဖွဲ့အစည်းဖြစ်သည့် အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံ ကြားလုပ်ငန်းနှင့် ပတ်သက်သည့် သတင်းမီယာလုပ်ငန်းရှင်၊ ခွင့်ပြုစာရရှိသူနှင့် အစီအစဉ်ထုတ်လုပ်သူများ၏ အုပ်စုဖွဲ့မှု ထောက်ကူခြင်း
19. ပုဒ်မ 58 အတိုင်း စည်းကမ်းချက်(သို့) ကြေညာချက်ထုတ်ပြန်ခြင်း
20. ပုဒ်မ 52 အရ ရန်ပုံငွေသို့ထည့်ရမည့် ငွေကြေးစီမံခြင်းအပါအ၀င် ကောဆောထောချောဌာန၏ ခန့်မှန်းခြေရသုံးငွေ အသုံးစရိတ် ခွင့်ပြုခြင်း
21. ပုဒ်မ 55 အတိုင်း ရန်ပုံငွေကော်မတီအဖွဲ့မှတင်ပြသည့်အတိုင်း ရန်ပုံငွေစီမံခြင်းနှင့်ပတ်သက်၍ သဘောတူညီမှုပေးခြင်းနှင့်သုံးသပ်ခြင်း
22. ထိုင်းနိုင်ငံအစိုးရနှင့် နိုင်ငံခြားအစိုးရ(သို့)နိုင်ငံကြားအဖွဲ့အစည်းအကြားတွင် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း၊ ဆက်သွယ်  ရေးလုပ်ငန်း(သို့) ပတ်သက်သည့်အခြားလုပ်ငန်း၏ အသံလိုင်းစီမံခြင်းနှင့်ပတ်သက်သည့်ကိစ္စများတွင် ညှိနှိုင်းဆွေးနွေးခြင်း(သို့) သဘော တူညီမှုပြုလုပ်ခြင်းတွင် အချက်အလက်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
23. အသံလိုင်းစီမံခြင်းနှင့် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း အသံလိုင်းနှင့်ပတ်သက်သည့် အခြားကိစ္စများဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် ဥပဒေရှိစေခြင်း(သို့) ပြုပြင်ပြောင်းလဲခြင်း(သို့) ပယ်ဖျက်ခြင်းအတွက် ၀န်ကြီးအဖွဲ့ထံ ညွှန်ကြားမှုပေးပို့ခြင်း
24. ကောဆောထောချော၏ အာဏာတာဝန်နှင့်ပတ်သက်သည့် စည်းကမ်းချက်၊ ကြေညာချက်(သို့) အမိန့်များ ထုတ်ပြန်ခြင်း
25. ဤအက်ဥပဒေတွင် သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များ(သို့) အချက်(17)အရ ထိန်းချုပ်ခြင်း၊ သတင်းမီဒီယာခြားပိုင်ဆိုင်ခြင်း (သို့) ချုပ်ကိုင်ခြင်း လက္ခဏာသတ်မှတ်ခြင်း ဥပဒေများအတိုင်း လုပ်ဆောင်ခြင်းတွင် ကောဆောထောချောသည် ပြည်သူလူထုနှင့် ပတ်သက်မှုရှိသည့်သူများမှ ထင်မြင်ချက်များကို ပူးပေါင်းနားထောင်ပေးရမည်။

အပိုဒ်တစ်အရ တာဝန်အာဏာအသုံးပြုခြင်းသည် အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားလုပ်ငန်းလုပ်ဆောင်ခြင်း အက်ဥပဒေ၊ ဆက်သွယ်  ရေးလုပ်ငန်းလုပ်ဆောင်ခြင်း အက်ဥပဒေနှင့် ရေဒီယိုဆက်သွယ်ရေးအက်ဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိရ။
ယေဘုယျအဖြစ် တင်းကျပ်အသုံးပြုစေသည့် စည်းကမ်းချက်၊ ကြေညာချက်(သို့)အမိန့်များသည် အက်ဥပဒေတွင် ကြေညာပြီးပါက တင်းကျပ်အသုံးပြုနိုင်သည်။

สร้างโดย  - NBTC  admin (31/1/2559 18:20:50)

Download

Page views: 75566