NBTC နှင့် ရုရှားနိုင်ငံဆက်သွယ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးတို့ ရုရှားနိုင်ငံ - ထိုင်းအကြား ရုမ်းမင်းဝန်ဆောင်ခလျှော့ချရန်နည်းလမ်းများ အတူတကွဆွေးနွေးခြင်း။

အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းအတွင်းရေး မှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) က ထုတ်ဖေါ်ပြောကြား သည်မှာ -ရုရှားဖက်ဒရေးရှင်း၊ တယ်လီကွမ်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အလက်စီ ဗိုလင်း(Mr.Alexey Volin) နှင့်အဖွဲ့တို့သည် ရုရှားနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား နိုင်ငံတကာဖုန်းရုမ်းမင်း (International Mobile Roaming) ဝန်ဆောင်ခလျှော့ချရန်နည်းလမ်းများ ဆွေးနွေးရန်ရောက်ရှိလာသည်၊ နှစ်နိုင်ငံအကြားအဖွဲ့အစည်း တရားဝင်ပူးပေါင်းဆောင်ရွက် (Joint Statement) ရန်အဆိုပြုချက်ကိုတင်ပြ ပြီး၊ အရေးကြီးသောအချက် (၃) ချက်ပါရှိသည်။
၁. ရုရှားနှင့်ထိုင်းနိုင်ငံအကြား နိုင်ငံတကာဖုန်းရုမ်းမင်း (International Mobile Roaming)ဆိုင်ရာ ဒေတာ
    နှင့်အသံဝန်ဆောင်ခများလျှော့ချရန်၊
၂. ဒီဂျစ်တယ်တီဗွီစနစ်သို့ အပြည့်အဝကူးပြောင်းစေရန်အတွက်၊ ဒစ်ဂျစ်တယ်တီဗွီအတွက်ပူးပေါင်းဆောင်
    ရွက်ရေး၊အကြောင်းအရာ(Contents) ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုစေရေး၊ဒစ်ဂျစ်
    တယ်ရုပ်မြင်သံကြားစနစ်သို့ကူးပြောင်းမှုနှင့်အနာလောက် (Analog)စနစ်ဝန်ဆောင်မှုရပ်ဆိုင်းမှုပူးပေါင်း
    ဆောင်ရွက်ခြင်းများပြုလုပ်ရန်နှင့်၊
၃. ရုရှားဖက်ဒရေးရှင်းကကျွမ်းကျင်မှုရှိသော ဆိုက်ဘာလုံခြုံရေး(Cyber Security)ဆိုင်ရာပူးပေါင်းဆောင်
    ရွက်ရေးလုပ်ငန်းများပြုလုပ်ရန်၊
ထို့ကြောင့် နှစ်ဦးနှစ်ဖက်တာဝန်ရှိသူက ၂၀၁၇ ခုနှစ်၊ မေလသို့မဟုတ်ဇွန်လအတောအတွင်းတွင် တရားဝင်ပူးပေါင်းလက်မှတ်ရေးထိုးရန်သဘောတူညီခဲ့ကြပြီး၊ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး၊ရုရှားနိုင်ငံသို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတက်ရောက်ရန်ရန်ရုပ်သံလိုင်းကိုဖိတ်ကြားခဲ့ပါသည်။

၎င်းနှင့်ပတ်သက်၍ NBTC က ထိုင်းနိုင်ငံ အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကိုအတူတကွလိုက်ပါ၍ ရုရှားလုပ်ငန်းရှင်  များနှင့်တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ရန်ဖိတ်ကြားမည်ဖြစ်သည်။ ဤအကြိမ်နိုင်ငံခြားဆိုင်ရာစေ့ စပ်ညှိနှိုင်းမှုသည်ရုရှားနိုင်ငံနှင့်ထိုင်းနိုင်ငံရှိမိုဘိုင်းဖုန်းအသုံးပြုသူများ၏အကျိုးအမြတ်ခံစားခွင့်များကာကွယ် စောင့်ရှောက်မှုအတွက်ဖြစ်သည်။

 

ဖန်တီးသူ  -   (24-05-2017 11:59:03)

Download

Page views: 409