မိုဘိုင်းဖုန်းတဆင့်ဘဏ္ဍာရေးဝန်ဆောင်မှုများအသုံးပြုရာတွင် ယုံကြည်စိတ်ချမှုတည်ဆောက်ခြင်း၊

၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံဗဟိုဘဏ် (BOT) နှင့် အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းကော်မရှင်(ရုပ်သံလိုင်းရုံး)တို့မိုဘိုင်းဖုန်းမှတဆင့် ငွေပေး ချေရေးဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့သည်၊ အဆိုပါအဖွဲ့အစည်းနှစ်ခု သည်၊ မိုဘိုင်းဘဏ်လုပ်ငန်း(Mobile Banking) ဝန်ဆောင်မှုသုံးစွဲရေးနှင့် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အ တွင်းတွင်ဝန်ဆောင်မှုဖွင့်မည့် ပရောင့်ပေး(PromptPay)ဝန်ဆောင်မှုများကို ယုံကြည်မှုကိုရရှိစေရန်မိုဘိုင်း ဖုန်းမှတဆင့် ငွေပေးချေမှုဝန်ဆောင်မှုများဆိုင်ရာ ဘေးကင်းလုံခြုံမှုအဆင့်ကိုမြှင့်တင်မှုအတွက်၊ ထိုင်းနိုင်ငံ ဆက်သွယ်ရေးအစည်းအရုံးနှင့်ထိုင်းနိုင်ငံဘဏ်များအစည်းအရုံးပါ၊ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်စွာ ရရှိခဲ့သည်။

ဤနေ့တွင် ထိုင်းနိုင်ငံဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဒေါက်တာဝီးရထိုင်း ဆန်တီပရာဖိုး(ပ်)နှင်အမျိုး သားအသံလွင့်လုပ်ငန်း၊ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်း အတွင်းရေးမှူး (ရုပ်သံလိုင်း ၏ အထွေထွေ အတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) တို့ကပူးတွဲ အစည်း အဝေးရှိ ကြပြီး၊ အောက်ဖေါ်ပြပါဆုံးဖြတ်ချက်များပါရှိသည်။
၁. NBTC ရုပ်သံလိုင်းက ဆဲလ်ဖုန်းဝန်ဆောင်မှုပေးသူများအား ဥပဒေအရနှင့်ရုပ်သံလိုင်းရုံး၏ကြေ ညာချက်အရနံပါတ်များလွှဲပြောင်းပေးရန်စာဖြင့်တင်းကြပ်စွာလမ်းညွှန်ပေးမည်၊စင်း(မ်)ကဒ်အသစ်ထုတ်ပေး မှု၊ စင်း(မ်)ကဒ်ပိုင်ရှင်ပြောင်းမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များပြောင်းလဲမှုအတွက် တောင်း ဆိုခြင်း များတွင်၊ဝန်ဆောင်မှုသုံးသူများသည်၊ ပြောင်းလဲမှု သို့မဟုတ်ပြောင်းရွှေ့ရာတွင်၊ အမျိုးသားမှတ်ပုံတင်ကဒ် ပြားမူရင်း ယူဆောင်လာရမည်၊ အကယ်၍အခြားသူအား အာဏာလွှဲပြောင်းလျှင်၊ လွှဲပြောင်းသူနှင့်လွှဲပြောင်း ခံရသူနှစ်ဦးလုံး၏ အမျိုးသားမှတ်ပုံတင်ကဒ်ပြားမူရင်း ယူဆောင်လာရမည်၊ NBTC ရုပ်သံလိုင်းက ဘဏ္ဍာ ရေးဝန်ဆောင်မှုများအသုံးပြုမှုများနှင့် မှားယွင်းသောနံပါတ်ပြောင်းရွှေ့မှုများအတွက်လုံခြုံရေးနှင့် ယုံကြည်မှု တည်ဆောက်ရန်စစ်မှန်ကြောင်း အထောက်အထားပြသမှု၊ စိစစ်မှုအတွက်၊  မှတ်ပုံတင်ကဒ်ပြား စစ်ဆေးမှု စံစီစဉ်ပေးထားမည်။

အကယ်၍ဆဲလ်ဖုန်းဝန်ဆောင်မှုပေးသူကနံပါတ်လွှဲပြောင်းမှု၊ပြောင်းရွှေ့မှုကိုမှန်ကန်စွာဆောင်ရွက်မှုမရှိပဲ၊ ဥပဒေ သို့မဟုတ် ရုပ်သံလိုင်းရုံး၏ ကြေညာချက်အား ချိုးဖောက်မှုရှိလျှင် ရုပ်သံလိုင်းရုံး၏ ကြေညာ ချက်အရ အပြစ်ဒဏ်ပေးခြင်းခံရသည့်အပြင်၊ မှားယွင်းသောဆောင်ရွက်မှုကြောင့်ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှု များလည်းတာဝန်ယူရလိမ့်မည်၊

၂. NBTC ရုပ်သံလိုင်းနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့သည် မိုဘိုင်းဘဏ်လုပ်ငန်း(Mobile Banking) နှင့် ပရောင့်ပေး(PromptPay)ဝန်ဆောင်မှုအသုံးပြုသူများအား၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို မိုဘိုင်းဖုန်း ထုတ် ကုန်မှတဆင့် လုံခြုံမှုနှင့်ယုံကြည်မှုကိုရရှိစေရန် ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ခြင်းခံရမည်ကိုသဘောတူ မှုရရှိခဲ့သည်၊ ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်သည့်ဘဏ်အား မိုဘိုင်းဖုန်းနံပါတ်သာအကြောင်းကြားပေးမည်ဖြစ် သည်၊ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်အား လုံခြုံမှုကို ကြည့်ရှုစောင့်ရှောက်ပေးစေသည့် ဝန်ဆောင်မှု အသုံး ပြုသူများထံမှ ခွင့်ပြုချက်လက်ခံရရှိသောအချက်အလက်များဖြစ်သည်။ (စနစ်အတွင်းဝန်ဆောင်မှုအသုံး ပြုသူအမည်ပြသခြင်းမရှိ၊)  မိုဘိုင်းဖုန်းနံပါတ်ပြောင်းလိုသူများသည် နံပါတ် ၁ အတိုင်း တင်းကြပ်သော စောင့် ရှောက်မှုနည်းလမ်းများရှိသည်၊မိုဘိုင်းဖုန်းဝန်ဆောင်မှုမှ ဘဏ္ဍာရေးအဖွဲ့အစည်း သို့သိရှိရန် အချက် အလက် များကိုအကြောင်းကြားပြီး၊ အချက်အလက်များ update လုပ်ထားရမည်။ မိုဘိုင်း ဝန်ဆောင်မှုလုပ်ငန်းရှင် သည်၊ ဖုန်းနံပါတ်ပိုင်ရှင်အား ဘဏ္ဍာရေးအဖွဲ့အစည်းသို့ပြောင်း လဲထားသော အချက်အလက်များပို့ပေးရန် တောင်းဆိုရမည်၊အကယ်၍ ဖုန်းနံပါတ်ပိုင်ရှင်သည် ပရောင့်ပေး (Promp Pay)ဝန်ဆောင်မှုနှင့် ဖုန်းနံပါတ် အသစ်ကိုချည်နှောင်ထားစေလိုလျှင် ဘဏ္ဍာရေးအဖွဲ့အစည်းတွင်ဆောင်ရွက်နိုင်သည်။ 

ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မိုဘိုင်းဝန်ဆောင်မှုပေးသူ အကြားအချက်အလက်များလဲလှယ်မှု အတွက်ယန္တရားသည် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အတွင်းပြီးပြည့်စုံစွာပြီးမြောက်မည်ဖြစ်သည်။

၃. ငွေဖြည့်မိုဘိုင်းဝန်ဆောင်မှုဖျက်သိမ်းခြင်းများအတွက်ပြန်အမ်းငွေရယူရာတွင်လွယ်ကူချောမွေ့စေ ရန်အတွက်၊ထိုင်းနိုင်ငံဗဟိုဘဏ်(BOT)နှင့် ရုပ်သံလိုင်းရုံး(NBTC)တို့ အတူတကွသဘောတူညီမှုရရှိခဲ့သည်။ ယခင်က မိုဘိုင်းဝန်ဆောင်မှုအသုံးပြုသူများသည်၊ ဘဏ်အကောင့်မှလွှဲပြောင်းခြင်း၊ ချက်လက်မှတ်ဖြင့်ပြန် ပေးခြင်း၊ သို့မဟုတ်အခြားမိုဘိုင်းနံပါတ်သို့လွှဲပြောင်းပေးခြင်းစသော ဝန်ဆောင်မှုနည်းလမ်းများမှ ယခုအီး ဝေါလက် (e-wallet) သို့မဟုတ် ပရောင့်ပေး(PromptPay)ဝန်ဆောင်မှုများမှ တဆင့်ပြန်အမ်းငွေကို လက်ခံ ရယူနိုင်သည်။

ဖန်တီးသူ  -   (24-05-2017 13:15:15)

Download

Page views: 522