ထိုင်းနိုင်ငံ၏သတင်းအချက်အလက်နည်းပညာနှင့်ဆက်သွယ်ရေးဆိုင်ရာအဆင်သင့်ဖြစ်မှုသည် အာဆီယံ နိုင်ငံတွင် တတိယ အဆင့်ရှိပြီး၊ စင်္ကာပူနှင့်မလေးရှားသာနောက်လိုက်ဖြစ်သည်၊ လူဦးရေ ၁၀၀ နှုန်းတွင် အရှိန်မြင့်မိုဘိုင်း အင်တာနက်အသုံးပြုသူအရေအတွက်မှာ ၉၀ အထိတက်လာပြီး၊ ကမ္ဘာပေါ်၏အဆင့် ၄၂ တွင် တည်ရှိသည်။

ရုပ်မြင်သံကြား၊အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာအတွင်းရေးမှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) က ထုတ်ဖေါ်ပြောကြား သည်မှာ - World Economic Forum (WEF) နှင့် INSEAD က တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံအသီးသီး၏ သတင်းအချက်အလက်နည်းပညာနှင့်ဆက်သွယ်ရေးဆိုင်ရာအဆင်သင့်ဖြစ်မှုအစီရင်ခံစာ (The Global Information Technology Report 2015) ကိုအစီရင်ခံသွားသည်။၂၀၁၅ ခုနှစ် ဧပြီလနှောင်းပိုင်း၏ ယေဘုယျအမြင်အညွှန်းကိန်းတွင် ထိုင်းနိုင်ငံသည် အားလုံးနီးပါးပိုမို ကောင်းမွန်လာကြောင်းသိရသည်။
တစ်ကမ္ဘာလုံးဆိုင်ရာထိုင်းနိုင်ငံ၏သတင်းအချက်အလက်နည်းပညာနှင့်ဆက်သွယ်ရေးအမျိုးမျိုးဆိုင်ရာ (The Global Information Technology Report 2015) ယေဘုယျအမြင်အညွှန်းကိန်းသည် ၁၄၃ နိုင်ငံမှ အဆင့် ၆၇ တွင်တည်ရှိပြီး၊စင်္ကာပူနှင့်မလေးရှားမှလွဲ၍ အာဆီယံနိုင်ငံ၏တတိယမြောက်နိုင်ငံ ဖြစ်လာသည်၊
အရေးကြီးသောညွှန်ကိန်းမှာ လှိုင်းနှုန်းနှင့်ကိန်းဂဏန်းပါဆက်သွယ်ရေးဆိုင်ရာ အရင်းအမြစ်ခွဲဝေ စီမံခန့်ခွဲမှုများ၊ မခြွမ်းမချန်ပြည့်စုံသောဝန်ဆောင်မှုရှိစေရန်မြှင့်တင်မှုများ၊ ဝန်ဆောင်ခနှုန်းများကြီးကြပ်ညွှန် ကြားမှုနှင့်၊ အခွင့်အရေးနှင့်ဝန်ဆောင်မှုအသုံးချခြင်းတွင်သက်ရောက်မှုမရှိစေရန်ယှဉ်ပြိုင်မှုများကြီးကြပ်ညွှန် ကြားမှု၊ တို့ဖြစ်ပြီး၊ အဆင့်မြင့်မိုဘိုင်းဘရော့ဒ်ဘန်းဝန်ဆောင်မှုအသုံးပြုသူများမှာ ၂၀၁၄ ခုနှစ်က လူဦးရေ ၁၀၀ ထဲတွင်အဆင့် ၁၃၂ မှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၄၂ (သို့မဟုတ်) ၉၀ ဆင့်အထိ တိုးမြှင့် လာသည်၊  ၂၀၁၄ ခုနှစ်တွင် အဆင့်မြင့်မိုဘိုင်းဘရော့ဒ်ဘန်းဝန်ဆောင်မှုအသုံးပြုသူလူဦးရေ ၁၀၀ တွင် အဆင့် ၃၈ မှ ဤနှစ်တွင် အဆင့် ၃၅ သို့တက်လာသည်၊ထို့အပြင် လူဦးရေတစ်နိုင်ငံလုံးလွှမ်းခြုံမှုရှိသော မိုဘိုင်းဖုန်း ကွန်ယက်ဆိုင်ရာအဆင်သင့်ဖြစ်မှုအကဲဖြတ်မှုနှင့် ကြိုတင်ငွေဖြည့်ဝန်ဆောင်မှုများအတွက် ဈေးနှုန်းအကဲ ဖြတ်မှုဆိုင်ရာအစီရင်ခံစာထဲတွင်ပိုမိုကောင်းမွန်လာသည်၊၂၀၁၄ ခုနှစ်အဆင့် ၃၀ မှ ၂၀၁၅ ခုနှစ်တွင်အဆင့် ၁၆ အထိတက်လာသည်၊(သို့မဟုတ်) ပြည်သူလူထု၏ဝယ်ယူနိုင်သောစွမ်းအားတိုးမြှင့်လာ သည်။ ထိုကဲ့သို့  ဖြစ်ရခြင်းသည်၊ NBTC ရုပ်သံလိုင်းက လှိုင်းနှုန်း IMT ရှိ အမြန်နှုန်း 2.1 GHz အသုံးပြုခွင့် ပေးခြင်းနှင့် လွန်ခဲ့သော ၂ နှစ်က 3G / 4G ဟုလူသိများသည့် ကမ္ဘာတစ်ဝှမ်း လုံးဆိုင်ရာမိုးဘိုင်း စီးပွားရေး လုပ်ငန်း ကြောင့်ဖြစ်သည်။

Download

ဖန်တီးသူ  -   (24-05-2017 16:24:23)

Download

Page views: 2070