Nakhon Phanom ဒစ်ဂျစ်တယ်တီဗွီကွန်ယက်ကို ဝင်ရောက်နှောက်ယှက်သောလှိုင်းထုတ်လွှင့်မှု၊ (သို့မဟုတ်) MCOT ၏ MUX နှောင့်ယှက်မှုကို လာအိုနိုင်ငံက ရပ်တန့်ခြင်းနှင့် နယ်စပ်ဧရိယာ လှိုင်းဝင် ရောက်နှောက်ယှက်မှု ကိုဖြေရှင်းရန်မိုဘိုင်းဖုန်းလှိုင်းထုတ်လွှင့်မှု အတူတကွတိုင်းတာရန်လုပ်ကိုင်ဖို့ သဘောတူညီခြင်း၊ နှင့် သဘာဝဘေးများအတွက် လှိုင်းကြိမ်နှုန်းများ အတူတကွ ခွဲဝေ အသုံးပြုရန်သ ဘောတူညီခြင်း၊

အမျိုးသားအသံလွင့်လုပ်ငန်း၊ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်း တွဲဘက်အတွင်းရေး မှူး (ရုပ်သံ လိုင်း၏တွဲဘက်အတွင်းရေးမှူး) လေတပ်ဗိုလ်ချုပ်မှူး ဒေါက်တာထနဖန်း ရိုင်ကျရိန်း ပြော ကြား ချက်အရ- အိမ်နီးချင်းနိုင်ငံများလှိုင်းကြိမ်နှုန်းများ အတူတကွခွဲဝေအသုံးပြုမှုအစီအစဉ်များမရှိသည့် အတွက် ကြောင့် ယခု အချို့နယ်စပ်ဒေသများတွင် လှိုင်းဝင်ရောက်နှောက်ယှက်မှုပြဿနာများကြုံတွေ့ရသည်၊ ထိုင်း နိုင်ငံနှင့် လာအိုနိုင်ငံအကြားဘုံနယ်စပ်တလျှောက် ညှိနှိုင်းရေးနှင့်လှိုင်းကြိမ်နှုန်းများခွဲဝေအသုံးပြုမှုဆိုင်ရာ နည်းပညာ ပူးတွဲမှုကော်မတီ (JTC) Joint Technical Committee (JTC) on Coordination and Assignment along common border between Thailand and Lao PDR အစည်းအဝေးတွင် ၂ နိုင်ငံနှစ်ဘက်စလုံးကအစိုးရ အဖွဲ့အစည်းများနှင့် အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကိုယ်စား လှယ်များတက်ရောက်ကြသည်၊အစည်းအဝေးတွင် ထိုင်းဘက်က နခွန်းဖနွန်း(Nakhon Phanom) ခရိုင် ဧရိယာတွင် လောနိုင်ငံက လှိုင်းကြိမ်နှုန်းတူညီသော ချန်နယ် 41 တွင် လှိုင်းကြိမ်နှုန်း 630-638 MHz ဖြင့် ဒစ်ဂျစ်တယ်တီဗွီ ထုတ်လွှင့်မှုကြောင့် MCOT ၏ MUX နှောင့်ယှက်ခံရမှု ပြဿနာများ ကိုတင်ပြသည်၊ နခွန်း ဖနွန်း(Nakhon Phanom) ခရိုင်နှင့်အနီးအနားရှိပြည်သူများအား MCOT ၏ MUX မှ ထုတ်လွှင့်သောရုပ်သံလိုင်း အစီအစဉ်များလက်ခံနိုင်မှုကိုအနှောက်အယှက်ဖြစ်စေသည်၊ ညှိနှိုင်းမှုရလဒ်မှာ လောနိုင်ငံက နခွန်းဖနွန်း (Nakhon Phanom) ခရိုင်နှင့်မျက်နှာချင်းဆိုင်ဖြစ်သော ချန်နယ် 41 မှ ရုပ်သံလိုင်း ထုတ်လွှင့်မှုကိုရပ်တန့်ပြီး၊ ပြဿနာများအတူအကွဖြေရှင်းရန်သဘောတူသည်။

ထို့အပြင်အစည်းအဝေးတွင်ထိုင်းနှင့်လာအိုနိုင်ငံသည် လောနိုင်ငံ GSM  စနစ်၊900 MHz လှိုင်း ကြိမ်နှုန်း ကိုနှောက်ယှက်မှုပြုနေသော WCDMA  စနစ်တွင် 850 MHz လှိုင်းကြိမ်နှုန်း ကိုပြုပြင်ဖို့ စစ်ဆေး သည့်တန်ဖိုးရရှိရန်လှိုင်းစစ်ဆေးကားနှင့်အတူတကွစစ်ဆေးမှုရှိရန်သဘောတူညီမှုရရှိခဲ့သည်၊

အဆိုပါပြဿနာ သည်ယခင် ကကုန်ဆုံးအောင်ဖြေရှင်းနိုင်မှုမရှိသည့်ပြဿနာဖြစ်ပြီး၊၂၀၁၈ ခုနှစ်အ တွင်း 850 MHz လှိုင်းကြိမ်နှုန်းခွင့်ပြုမှု သဘောတူစာချုပ်ကုန်ဆုံး သည်အ ထိဖြစ်သည်၊ အဘယ် ကြောင့်ဆိုသော် နည်းပညာအရ ကြိမ်နှုန်းတူသောလှိုင်း တွင်အမျိုးအစားကွဲပြားသောပစ္စည်း၊ ကွဲပြား ခြားနား သောစနစ်သုံးခြင်းဖြစ်သည်။ထို့ကြောင့်ဤအစီးအဝေးတွင်အနာဂတ်တွင် ပြဿနာများထပ်မံဖြစ်ပွားမှုမရှိ စေရန်၊နယ်နိမိတ်တစ်လျှောက်စီရှိလှိုင်းကြိမ်နှုန်းများခွဲဝေအသုံးပြုမှုများကိုအကြောင်းကြားရန်သတ်မှတ် ချက်များ ချထားခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် နှစ်နိုင်ငံအကြားသဘာဝဘေးအန္တရာယ်ကျရောက်မှုကြုံတွေ့လျှင် UHF လှိုင်း ကြိမ်နှုန်း ၇ လှိုင်းနှင့် VHF လှိုင်းကြိမ်နှုန်း တစ်လှိုင်းကိုအတူတကွ အသုံးပြုနိုင်ရန်သဘောတူကြသည်။ ထိုင်း နိုင်ငံအနေဖြင့် နောက်နှစ်တွင် ဒစ်ဂျစ်တယ် လှိုင်းကြိမ်နှုန်းဆိုင်ရာပို့ချမှုနှင့် လှိုင်းကြိမ်နှုန်း စစ်ဆေးမှုပစ္စည်း ကိရိယာများသုံးစွဲမှု ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်တင်ပြသည်။

 

ဖန်တီးသူ  -   (24-05-2017 16:32:56)

Download

Page views: 1303