“NBTC ရုပ်သံလိုင်းရုံး” ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ဒစ်ဂျစ်တယ်တီဗွီသဘာဝဈေးကွက် အစီရင်ခံခြင်း၊ ၂၀၁၅ ခုနှစ် အတွင်း ဒစ်ဂျစ်တယ်ချန်နယ် (၂၁) ချန်နယ်၏ကြော်ငြာတန်ဖိုးအချိုးအစားသည် ၆၇.၉၆% အထိတိုးမြှင့်၊အခမဲ့တီဗွီချန်နယ်တွင် ၂၀၁၄ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၁၂.၈၇% လျှော့ကျ၊

အမျိုးသားဆိုင်ရာအသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်း အတွင်း ရေးမှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် က ပြောကြားသွားသည်မှာ -
ရုပ်သံလိုင်းရုံး၏ ၂၀၁၅ ခုနှစ် သြဂုတ်လ ဒစ်ဂျစ်တယ်မြေပြင်ရုပ်သံလုပ်ငန်းဆိုင်ရာ ဈေးကွက်အခြေ အနေ သတင်းအချက်အလက်များအစီရင်ခံစာအရ ၂၀၁၅ ခုနှစ် (ဇန်နဝါရီလ-နိုင်ဝင်ဘာလ) ဒစ်ဂျစ်တယ်မြေပြင် ရုပ်သံလုပ်ငန်း၏ဈေးကွက်တန်ဖိုးသည် ဘတ်သန်းပေါင်း ၇၂၅၈၇၊ မူရင်းချန်နယ်မှဘတ်သန်းပေါင်း ၅၃၁၇၅ နှင့်ချန်နယ်သစ်များမှဘတ်သန်းပေါင်း ၁၉၄၁၂ ဖြစ်သည်၊ချန်နယ်ဟောင်းနှင့်ချန်နယ်သစ်များ၏ အချိုးအစား သည် ဈေးကွက်တန်ဖိုးအာလုံး၏ ၇၃.၂၆ နှင့် ၂၆.၇၄ ရာခိုင်နှုန်း ဖြစ်သည်။ လွန်ခဲ့သော ၂၀၁၄ ခုနှစ်က တစ်လတည်းနှင့်နှိုင်းယှဉ်လျှင်ချန်နယ်ဟောင်းအုပ်စု၏တန်ဖိုးသည် ၈.၁၇%လျှော့ကျသွားပြီး၊ချန်နယ် သစ်အုပ်စု ၏တန်ဖိုးသည် ၂၈.၂၂% တိုးတက်လာသည်၊

ကြော်ငြာတန်ဖိုးသည် လွန်ခဲ့သောနှစ်က စီးပွားရေးကျဆင်းမှုကြောင့် ယေဘုယအားဖြင့် လျှော့သွား မည့်အလားအလာရှိသော်လည်း၊ ၂၀၁၅ ခုနှစ် ချန်နယ်သစ်အုပ်စုများ၏ကြော်ငြာတန်ဖိုးအချိုးအစားသည် ၂၀၁၄ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၆၇.၉၆% အထိတိုးတက်လာသည်၊ ပြည်သူလူထုများ၏ ဒစ်ဂျစ်တယ်တီ ဗွီကြည့်ရှုမှု ပိုမို ကောင်းမွန်လာသည့်အတွက်ကြောင့်ဖြစ်သည်။ ချန်နယ်များ၏ ကြော်ငြာတန်ဖိုးပမာဏ လည်းတိုးမြှင့်စေသည်၊ ချန်နယ်ဟောင်း ၆ ချန်နယ်မှာမူ ၂၀၁၄ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၁၂.၈၇% လျှော့ကျလာကြောင်းတွေ့ရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ဒစ်ဂျစ်တယ်တီဗွီ ချန်နယ်နှစ်သက်မှု (Rating) မှာ အောက်ပါအတိုင်းဖြစ်သည်။ CHANNEL 5 ၏ ချန်နယ်နှစ်သက်မှု (Rating) မှာ ၀.၀၇၁၊ NBT ချန်နယ် ၀.၀၄၆၊ THAI PBS ချန်နယ် ၀.၁၂၂၊ ပါလီမန်ချန်နယ် ၀.၀၀၁၊ CHANNEL 3 FAMILY ချန်နယ် ၀.၁၃၂၊ MCOT KIDS & FAMILY ချန်နယ် ၀.၀၂၉၊ MVTV FAMILY ချန်နယ် ၀.၀၀၀၊ TNN24 ချန်နယ် ၀.၀၅၁၊ THAI TV ချန်နယ် ၀.၀၀၀၊ NEW TV ချန်နယ် ၀.၀၆၀၊ SPRING NEWS ချန်နယ် ၀.၀၅၀၊ BRIGHT TV ချန်နယ် ၀.၀၂၅၊ VOICE TV ချန်နယ် ၀.၀၂၂၊ NATION ချန်နယ် ၀.၀၅၇၊ WORKPOINT TV ချန်နယ် ၀.၅၉၀၊ TRUE4U ချန်နယ် ၀.၁၃၄၊ GMM CHANNEL ချန်နယ် ၀.၀၇၆၊ NOW TV ချန်နယ် ၀.၀၆၁၊ CH8 ချန်နယ် ၀.၄၄၉၊ CHANNEL 3S D ချန်နယ် ၀.၂၂၀၊ MONO 29 ချန်နယ် ၀.၃၇၃၊ MONO 29 ချန်နယ် ၀.၁၈၃၊ ONE HD ချန်နယ် ၀.၂၄၆၊ THAIRATH TV ချန်နယ် ၀.၁၂၀၊CHANNE 3 HD ချန်နယ် ၁.၈၇၆၊ AMARIN TV ချန်နယ် ၀.၀၇၂၊  CHANNE 7 HD ချန်နယ် ၂.၃၀၅ နှင့် PPTV ချန်နယ် ၀.၀၈၁ ဖြစ်သည်။

ချန်နယ်သစ်များအဖို့ မစ္စတာ Thakorn ၏ ပြောပြချက်မှာ နှစ်သက်မှု (Rating) အလွန်မြင့်မားမှု မရှိ သေးပါ၊သို့သော် ဆင့်ကဲတိုးမြှင့်လျှက်ရှိသည်၊ Rating မြင့်မားစေသောအစီအစဉ်မှာ အားကစား အစီအ စဉ်များဖြစ်ပြီး၊အားကစားယှဉ်ပြိုင်မှုအမျိုးမျိုးကိုတိုက်ရိုက်ထုတ်လွှင့်သောအစီအစဉ်များ၊အထူးသဖြင့်ဘောလုံးပွဲ ယှဉ်ပြိုင်မှု၊နှင့်ထိုင်းလက်ဝှေ့များ၊ ထို့အပြင် ချင်းချားဆဝမ်န်၊မိုက်ထောင်းခမ်းကဲ့သို့သော သီချင်းဆို အရည်အသွေး ယှဉ်ပြိုင်မှုအစီအစဉ်များသည်၊ကြည့်ရှုသူပရိသတ်များပြားစေသည်၊ အဆိုပါအစီအစဉ်များ သည် ချန်နယ်ဟောင်း အခမဲ့တီဗွီများတွင်လူသိများ၊လူကြိုက်များသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သည်။

ဖန်တီးသူ  -   (24-05-2017 23:20:40)

Download

Page views: 599