900 MHz လှိုင်းကြိမ်နှုန်း လေလံလိုင်စင် Jas-True အနိုင်ရ၊ ၄ ည ၅ ရက်ထိ အချိန်ကြာ၊ စုစုပေါင်းတန်ဖိုးငွေ ဘတ်သန်းပေါင်း ၁၅၁,၉၅၂ ၊

ရုပ်မြင်သံကြား၊အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းဥက္ကဌ လေတပ်ဗိုလ်ချုပ်မှူးေါးက်တာ ထနေ့စ် ဘွန်းဆီက ပြောကြားသည်မှာ-
900 MHz လှိုင်းကြိမ်နှုန်း လေလံတင်ဝယ်ယူမှုသည် (၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်) ၅ ရက်မြောက် သောနေ့တွင်ပြီးဆုံးသွားသည်။ စုစုပေါင်းအချိန်မှာ ၆၅ နာရီ ၅၅ မိနစ်(လေလံပွဲနားချိန်မပါ) ဖြစ်ပြီး၊ လေလံထုရိုက်ကြိမ် ၁၉၈ ကြိမ်ဖြစ်သည်။ လေလံရိုက်ထုကာလတွင်ဈေးနှုန်းယှဉ်ပြိုင်မှုဆက်တိုက် တည်ရှိ ခဲ့သည်၊ ထိုင်းနိုင်ငံ ၏ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်သူများအား လှိုင်းကြိမ်နှုန်းသုံးလိုမှု ကိုဖေါ် ပြစေသည်၊ တိုင်းပြည်၏ခေတ်မီသောဆက်သွယ်ရေးနည်းပညာကိုစနစ်သို့ကူးပြောင်းမှု၊ ပြည်သူတို့အ ရည်အသွေးရှိဝန်ဆောင်မှု တရားမျှတသည့်ဈေးနှုန်းများ၊ရှိသည့်ကောင်းမွန်သောနိမိတ်လက္ခဏာဖြစ်သည် အစိုးရ၏မူဝါဒနှင့်အညီ ဒစ်ဂျစ်တယ်စီးပွား ရေးရဲ့အခြေခံဖြစ်သည့်ကွန်ယက်ဆက်သွယ်ရေးကိုဖန်တီးနိုင် သည့်အပြင်၊ လေလံတင်ပွဲမှရသောဝင်ငွေကိုနိုင်ငံတော်ဝင်ငွေအဖြစ် ဆောင်ရွက်နိုင်စေသည်။
အမျိုးသားဆိုင်ရအသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌ (ရုပ်သံလိုင်း ဒုဥက္ကဋ္ဌ) ဒေါက်တာ ဆေတ်ဖုန်း မလီးဝမ်း က ဆက်သွယ်ရေးလုပ်ငန်း ဥက္ကဋ္ဌအနေဖြင့် ပြော ကြားသည်မှာ-
ရုပ်သံလိုင်းကြေညာချက်အရ 900 MHz လှိုင်းကြိမ်နှုန်း လေလံတင်ဝယ်ယူမှုရလဒ်သည်၊ စည်းမျဉ်း စည်းကမ်း နှင့်လုပ်ထုံးလုပ်နည်းများအရ 900 MHz လှိုင်းကြိမ်နှုန်းအတွက် လေလံတင်ဝယ်ယူပွဲသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင်စတင်ပြီး၊ ၁၉ ရက်နံနက် ၀၀.၁၅ နာရီအချိန်တွင်ပြီးဆုံးသွားသည်။ လှိုင်းကြိမ်နှုန်း နှစ်ခု၏ စုစုပေါင်းလေလံတန်ဖိုးမှာ ဘတ်သန်းပေါင်း ၁၅၁၉၂၅ ဖြစ်ပြီး၊ လှိုင်းကြိမ်နှုန်းတစ်ခုစီ ၏ လေလံအနိုင်ရ သူမှာအောက်ပါအတိုင်းဖြစ်သည်။
၁. ပထမစုံ၊895-905 MHz နှင့် 940-950 MHz တွဲလျှက် လေလံအနိုင်ရသူမှာ ဂျဲ့စ်မိုးဘိုင်း ဘရော့ ဘန်း (JAS Mobile Broadband) ကမ္ပဏီ လီမီတက်၊ နောက်ဆုံးကမ်းလှမ်းသောဈေးနှုန်း ဘတ်သန်းပေါင်း ၇၅၆၅၄ ဘတ်၊
၂. ဒုတိယစုံ၊ 905-915 MHz နှင့် 950-960 MHz တွဲလျှက် လေလံအနိုင်ရသူမှာ ထရူးမူး (ဗ်) အိပ်ခ်ျ ယူနီဗာရှယ် ကွန်မြုနီကေးရှင်း ကမ္ပဏီ လီမီတက်၊ (True move H Universal Communication Co. Ltd) နောက်ဆုံးကမ်းလှမ်းသောဈေးနှုန်း ဘတ်သန်းပေါင်း ၇၆၂၉၈ ဘတ်၊
လေလံပွဲအနိုင်မရသောသူများမှာ အက်ဝန့် ဝှိုင်းလက်စ် နက်ဝေါက် ကုမ္ပဏီ လီမီတက် ADVANCED WIRELESS NETWORK CO.,LTD နှင့်နောက်ဆုံးကမ်းလှမ်းသော လှိုင်းကြိမ်နှုန်းမှာ ဒုတိယ စုံဖြစ်ပြီး၊ ဘတ်သန်းပေါင်း ၇၅၉၇၆၊နှင့် တီထက် ထရိုင်နက် ကုမ္ပဏီ လီမီတက် (Dtac Trinet Co Ltd.) နှင့် နောက်ဆုံးကမ်းလှမ်းသော လှိုင်းကြိမ်နှုန်းမှာ ပထမစုံဖြစ်ပြီး၊ ဘတ်သန်းပေါင်း ၇၀၁၈၀၊ဖြစ်သည်။
တယ်လီကွန်းဆက်သွယ်ရေးကော်မရှင်မှ 900 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းချမှု၏ ရလဒ် များနှင့် 900 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းချမှုပြီးဆုံးကြောင်း ကြေညာအပ်ပါသည်။
အမျိုးသားဆိုင်ရာအသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်း အတွင်း ရေးမှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် ကပြောကြားသည်မှာ -
900 MHz လှိုင်းကြိမ်နှုန်းလိုင်စင် နှစ်ခုစလုံးအတွက် သက်တမ်း ၁၅ နှစ်စီရှိကြသည်၊  ဤအဆင့်မှစပြီး၊ ဆက်သွယ်ရေးလုပ်ငန်းကော်မီရှင်မှလေလံပွဲရလဒ်များကိုတရားဝင်အတည်ပြုအစည်းအဝေးတစ်ခုရှိမည် ဖြစ်ပြီး၊ ရုပ်သံလိုင်းရုံးက ၇ ရက်အတွင်းတရား ဝင်ကြေညာမည်ဖြစ်သည်၊ ၄င်းနောက် လေလံပွဲဝင် ရောက်ထု ရိုက်သူများ သည် လိုင်စင်ရရန်သတ်မှတ်ထားသောစည်းကမ်းချက်အရ မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် လေလံပွဲရ လဒ်အကြောင်းကြားစာလက်ခံရရှိပြီး (၉၀) ရက်အတွင်း ရုပ်သံလိုင်းရုံးက 900 MHz လှိုင်းကြိမ်နှုန်းလိုင်စင်နှင့် ဆက်သွယ်ရေးဆိုင်ရာလိုင်စင်အမျိုးအစား(၃)ကိုထုတ်ပေးမည်၊
900 MHz လှိုင်းကြိမ်နှုန်း အတွက်သည် ရုပ်သံလိုင်းက လိုင်စင်၏နောက်ဆုံးတွင်သုံးစွဲသူများအတွက် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာစည်း ကမ်းချက်များသတ်မှတ်ထားမည်၊ လိုင်စင်လက်ခံရရှိသူအား ၄ နှစ်အတွင်း ပြည်သူလူထု ၅၀% ပျံ့နှံ့စေရန်ကွန်ယက်တိုးချဲ့ရမည်၊ ၄င်းနောက် ၈ နှစ်အတွင်း လူဦးရေ ၈၀%အထိ လွှမ်းခြုံ စေရန်တိုးချဲ့ပေးရမည်။ 4G ဝန်ဆောင်မှုနှုန်းမှာ လက်ရှိဝန်ဆောင်မှုပေးနေသော 2.1 GHz လှိုင်းကြိမ်နှုန်းရှိ 3G ဝန်ဆောင်မှု နှုန်းထက်ဈေးသက်သာစေရမည်ဖြစ်သည်။
ထို့အပြင်လုပ်ငန်းလိုင်စင်ရရှိသူသည် မသန်စွမ်းသူ၊ ချို့တဲ့သူများနှင့်ဝင်ငွေတစ်လလျှင် ဘတ် ၁၀၀၀၀ ထက်နည်းသူများအတွက်Package ဈေးနှုန်းစီစဉ်ထားရမည်၊လိုင်စင်ရရှိသူသည် ဆက်သွယ် ရေးကော်မီရှင်အား ဝန်ဆောင်မှုလုပ်ငန်းမစမီ၊နှင့် ဝန်ဆောင်မှုစပြီး၊တစ်နှစ်အတွင်း စီမံကိန်းပို့ပေးရမည်။
ဤအကြိမ် 900 MHz၏ လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းချမှုသည် စင်ကြယ်ပွင့်လင်း၊ရိုးသားစွာဖြင့် ပြည်သူလူထုနှင့်တိုင်းပြည်အကျိုးစီးပွားအတွက်အပါအဝင်၊ ဆက်သွယ်ရေးစက်မှုလုပ်ငန်းအတွင်းလွတ်လပ် ပြီး၊ တရားမျှတသောယှဉ်ပြိုင်မှုဖြစ်စေရန်ဆောင်ရွက်ခြင်းဖြစ်သည်၊" ဟု မစ္စတာ Thakorn ကဆိုသည်။

ဖန်တီးသူ  -   (24-05-2017 22:24:01)

Download

Page views: 2268