NBTC အထွေထွေအတွင်းရေးမှူး ပြောချက်အရ - ၂၀၁၅ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် Prepaid ဖုန်းခေါ်ခနှင့်အင်တာနက်ပုံစံသည်၊ အာဆီယံလူဝင် ငွေနှင့်နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံခေါ်နှုန်းသည်စင်ကာပူနှင့်ဘရူနိုင်းပြီးနောက်တတိယအဆင့်သတ်မှတ် ခြင်းခံခဲ့ရသည်၊အင်တာနက်အတွက်မှာမူ ဘရူနိုင်းက ဈေးအနိမ့်ဆုံးဖြစ်ပြီး၊ တစ် megabyte မှာ 25 ဆတန်း (ပြား)သာဖြစ်သည်။

ရုပ်မြင်သံကြား၊အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာအတွင်းရေးမှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) က ထုတ်ဖေါ်ပြောကြား သည်မှာ -
NBTC ရုပ်သံလိုင်းရုံးက ၂၀၁၅ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် အာဆီယံနိုင်ငံတနိုင်ငံစီ၏ ဝန် ဆောင်မှုအသုံးပြုသူ ၄ ပုံတစ်ပံခန့်ုရှိသော အကြီးဆုံးမိုဘိုင်းဖုန်းလုပ်ငန်းရှင်၏ မိုဘိုင်းဖုန်ကြိုတင်ငွေဖြည့် စနစ် (သို့) prepaid စနစ်ဝန်ဆောင်ခကိုလေ့လာစုံ စမ်းကြည့်သည်မှာ - ထိုင်းနိုင်ငံ၏ ဝန်ဆောင်ခနှုန်း သည်စင်ကာပူနှင့် ဘရူနိုင်းပြီးနောက်တတိယအဆင့်အပေါဆုံးဖြစ်သည်၊ စင်ကာပူတွင်လူဦးရေ၏ လစဉ်ဝင် ငွေနှင့်နှိုင်းယှဉ်ပါက အလွယ်ကူဆုံးဝင်ရောက်နိုင်သောပရိုမိုးရှင်း၏ပျမ်းမျှနှုန်းသည် တစ်မိနစ်လျှင် ၅၅ ဆတန်း(ပြား)နှင့်ကိုက်ညီ ပြီး၊ ကမ္ဘောဒီးယားတွင်မူတစ်မိစန်လျှင် ၂.၃၂ ဘတ်ဖြစ်သည်။
 

  NBTC ရုပ်သံလိုင်းရုံးက မိုဘိုင်းဖုန်ကြိုတင်ငွေဖြည့်မှုစနစ် (သို့) prepaid စနစ်ဝန်ဆောင်ခအဆင့် ကိုစီစဉ်ရာတွင်၊ အာဆီယံ (၁၀) နိုင်ငံတို့၏အလွယ်ကူဆုံးဝင်ရောက်နိုင်သောပရိုမိုးရှင်း၏ ပျမ်းမျှနှုန်း အဓိကထားပြီး၊ သက်ဆိုင်ရာ နိုင်ငံအတွင်း လူဦးရေ၏ဝင်ငွေနှင့်နှိုင်းယှဉ်သည်၊ ဝင်ငွေနည်းသောနိုင်ငံသည်၊ ဝင်ငွေများသောနိုင်ငံထက်ဝန်ဆောင်ခနှုန်းပိုမြင့်သည်။
စင်ကာပူနိုင်ငံသည် ဝန်ဆောင်ခပျမ်းမျှနှုန်းအနိမ့်ဆုံးဖြစ်ပြီး၊ လူဦးရေလစဉ်ပျမ်းမျှဝင်ငွေ၏ ၀.၀၀၂၁% နှင့်တူညီသည်၊ ဘရူနိုင်းနိုင်ငံဒုတိယဖြစ်ပြီး၊ လစဉ်ပျမ်းမျှဝင်ငွေ၏ ၀.၀၀၂၂%ဖြစ်သည်၊ တတိယဆင့်အနေ               ဖြင့် ၀.၀၀၃၆% နှင့်ထိုင်းနိုင်ငံနောက်လိုက်လာသည်၊ မလေးရှားက စတုတ္ထအဆင့် ၀.၀၀၄၃%နှင့် အင်ဒိုနီး ရှား ကပဉ္စမ ၀.၀၂၂၇%၊ မြန်မာနိုင်ငံကဆဋ္ဌမ ၀.၀၃၂၈%၊ ဗီယက်နမ်ကသတ္တမ ၀.၀၃၆၄%၊ ဖိလစ်ပိုင်အဌမ ၀.၀၃၂၈%၊လာအိုက နဝမ ၀.၀၆၅၆% နှင့်ကမ္ဘောဒီးယားက လစဉ်ဝင်ငွေ၏ ၀.၀၈၂၃% ဖြင့်ဈေးအကြီးဆုံး ဖြစ်သည်။

အာဆီယံနိုင်ငံ အုပ်စုအတွင်း မိုဘိုင်းဖုန်းမှတဆင့်အင်တာတက်ဝန်ဆောင်ခနှုန်းသည် ဘရူနိုင်းနိုင်ငံ က ဝန်ဆောင်ခနှုန်းအနိမ့်ဆုံးဖြစ်ပြီး၊ လူဦးရေလစဉ်ပျမ်းမျှဝင်ငွေ၏ ၀.၀၀၂၂%ဖြစ်သည်၊ စင်္ကာပူက ၀.၀၀၀၃%ဖြင့်လိုက်လာပြီး၊တတိယမှာ အင်ဒိုနီးရှား ၀.၀၀၀၆%၊ထိုင်းကစတုတ္ထအဆင့် ၀.၀၀၀၉%၊ မလေးရှားကပဉ္စမ ၀.၀၀၁၂%၊လာအိုက ဆဌမအဆင့် ၀.၀၀၁၃%၊ ဗီယက်နမ်ကသတ္တမ ၀.၀၀၂၁%၊ ဖိလစ်ပိုင်အဌမ ၀.၀၀၂၅%၊ကမ္ဘောဒီးယားက နဝမအဆင့် ၀.၀၀၂၇%နှင့် မြန်မာနိုင်ငံက လစဉ်ဝင်ငွေ၏ ၀.၀၀၃၄% ဖြင့်ဈေးအကြီးဆုံးဖြစ်သည်ကို NBTC ရုပ်သံလိုင်းရုံးက တွေ့ရှိသည်။

ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) ၏ဖေါ်ပြချက်အရ - လစဉ်ဝင်ငွေမြင့်သောနိုင်ငံ ရှိပြည်သူပြည်သားများ၊ ဥပမာ -  စင်ကာပူနိုင်ငံ၏လစဉ်ပျမ်းမျှဝင်ငွေသည် အာဆီယံအုပ်စုနိုင်ငံများထက် ၄ ဆမြင့်မားသည်၊ ဘရူနိုင်းနိုင်ငံသည်ပျမ်းမျှဝင်ငွေထက် ၃ ဆ မြင့်ပြီး၊ ဖုန်းခေါ်ခနှင့် အင်တာ နက်ဝန်ဆောင်ခ ဈေးပေါသည်။ နိုင်ငံအတွင်းပြည်သူပြည်သားများ၊ လစဉ်ပျမ်းမျှဝင်ငွေနိမ့်သော ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုကဲ့သို့သောနိုင်ငံများသည်၊  ဖုန်းခေါ်ခနှင့် အင်တာနက်ဝန်ဆောင်ခဈေးကြီး မည်ဖြစ်သည်၊ မည်သို့ပင် ဖြစ်စေ။ မြန်မာနိုင်ငံအတွက် ဈေးနှုန်းလျှော့နည်းလမ်းဖြင့် ဈေးကွက်ကိုရှာဖွေသဖြင့်လစဉ်ဝင်ငွေနှင့်နှိုင်း ယှဉ်လျှင်ဖုန်း ခေါ်ခကဈေးနှုန်းချိုသည်ကိုတွေ့ရသည်။

ထို့ကြောင့်အကယ်၍ ဖုန်းခေါ်ခနှင့် အင်တာနက်ဝန်ဆောင်ခနှုန်းသည် ဝင်ငွေအားဝန်ထုပ်ဝန်ပိုးဖြစ် စေသည်ဟုမြင်လျှင်၊ အဆိုပါဝန်ထုပ်ဝန်ပိုးအားလျှော့ချစေနိုင်သောနည်းလမ်းတစ်ခုမှာ - ပြည်သူပြည်သား အားဝင်ငွေပိုမြင့်လာစေရန်၊နှင့်အတူ မိုဘိုင်းဖုန်းဝန်ဆောင်မှုဈေးကွက် များကိုမြှင့်တင်ပေးခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်သည်။ ပစ္စုပ္ပန်ကာလတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှုဈေးနှုန်းသည်၊ အသံနှင့် အချက် အလက်ဆိုင်ရာဝန်ဆောင်မှုနှစ်ခုစလုံးသည်၊ ဝန်ဆောင်မှုအသုံးပြုသူ ဆက်တိုက်များပြားလာခြင်းတို့ကြောင့်၊ ဈေးနှုန်းလျှော့လာမည့်အလားအလာရှိသည်၊ တစ်ယူနစ်ပေါ်ကုန်ကျစရိတ်များလျှော့နည်းသွားသဖြင့်၊ လူသူ များကဝင်ငွေတိုးမြှင့်မှုရှိလာလျှင်ဖုန်းခေါ်ခနှင့် အင်တာနက်ဝန်ဆောင်ခသည်အလိုအလျောက်ဈေးချိုလာစေ မည်ဖြစ်သည်။

Download

ဖန်တီးသူ  -   (24-05-2017 16:37:25)

Download

Page views: 318