Banner

ပါမောက္ခ ပရာစတ် ပရာပိင်မွန်ဂ်ကိုလ်ကန်မ် (Prof. Prasit Prapinmongkolkarn)

ပါမောက္ခ ပရာစတ် ပရာပိင်မွန်ဂ်ကိုလ်ကန်မ် (Prof. Prasit Prapinmongkolkarn)

နိုင်ငံတော်ဆိုင်ရာ တယ်လီဆက်သွယ်ရေး ကော်မရှင်အဖွဲ့ဝင်

အလုပ်အတွေ့အကြုံ
  • အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုကျောင်းသူကျောင်းသားဟောင်းအစည်းအရုံး၏ ဥက္ကဌ
  • အဆင့် ၁၀ ရှိထားသော ချူလာလန်ခေါင်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဘာသာ ပရော်ဖက်ဆာ
  • အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုလူမှုရေးအသင်း၏ ဒါရိုက်တာ၊ ချူလာလန်ခေါင်တက္ကသိုလ်
  • လျှပ်စစ်ဆိုင်ရာဆက်သွယ်ရေးသုတေသနပြုဓာတ်ခွဲခန်း၏ ဦးဆောင်သူ ၊ လျှပ်စစ်အင်ဂျင်နီယာဌာန ၊ ချူလာလွန်ခေါင် တက္ကသိုလ်  (Chulalongkorn University)
  • ဖွံ့ဖြိုးတိုးတက်မှု နှင့် စီစဉ်မှုအတွက် လက်ထောက်တက္ကသိုလ်ဌာနမှူး ၊ အင်ဂျင်နီယာမဟာဌာန ၊ ချူလာလွန်ခေါင် တက္ကသိုလ်  (Chulalongkorn University)
  • ဗဟိုအသင်းခေါင်းဆောင် ၊ အနှိမ့်ပိုင်းမဲခေါင်မြစ်
အမှတ်တံဆိပ်
  • ထိုင်းနိုင်ငံ၏ဘုရင့်အမြင့်မြတ်ဆုံးဖြစ်သောဘွဲ့ ဆာဘွဲ့ရသူရဲကောင်းအဝန်းအရံ (အထူးအတန်း) ၊ ၁၉၉၇
  • ဆင်ဖြူတော်၏အဆင့်မြင့်အမိန့်ပေးနိုင်ဆုံး ဆာဘွဲ့ရသူရဲကောင်းအဝန်းအရံ (အထူးအတန်း) ၊ ၂၀၀၀
ဆုတံဆိပ်
  • ချခ်ရာဘာတိ မာလာ (Chakrabarti Mala) ဆုတံဆိပ် ၊ ၂၀၀၁
 အကြံပေးပုဂ္ဂိုလ် သို့မဟုတ် ပါရဂူ (၂၀၁၃)
  • ပညာသင်အကြံပေးပုဂ္ဂိုလ်၊ ထိုင်းနိုင်ငံလွှတ်တော်
  • ပညာရေးအတွက် IT ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဌာန၏ ဒါရိုက်တာ
  • ပညာရေးအတွက် ICT မဟာဗျူဟာစီမံခန့်ခွဲမှု ကော်မတီခွဲ ၊ ပညာရေးဌာန၏ ဥက္ကဌ
  • ကျွမ်းကျင် ဒါရိုက်တာ ၊ သတင်းအချက်အလက်နည်းပညာမဟာဌာန ၊ ဘုရင်မွန်ကူလ်း နည်းပညာတက္ကသိုလ် (King Mongkut’s Institute of Technology)
  • စက်မှုဝန်ကြီး၏အကြံပေးအရာရှိ ၊ စက်မှုဝန်ကြီးဌာန
  • ဒါရိုက်တာ ၊ ကျေးလက်ဒေသနှင့်ရွာများတွင် အဝေးပြေး-အများသုံးတယ်လီဖုန်းအတွက် အသုံးဝင်ဆောင်ရွက်မှုကို  လေ့လာချက်၏ ဒါရိုက်တာ ၊ ထိုင်းနိုင်ငံတယ်လီဖုန်းအဖွဲ့အစည်း
တယ်လီဆက်သွယ်ရေးရာများဝန်ဆောင်မှု အတွေ့အကြုံ
  • ပြည်နယ်စီမံကိန်းလုပ်ငန်းပြန်လည်ပြင်ဆင်မှုအပေါ် အကြံပေးသူ ၊ ထိုင်းနိုင်ငံ၏ တယ်လီဖုန်းအဖွဲ့အစည်း
  • သယ်ယူပို့ဆောင်ရေးဝန်ကြီး နှင့် CAT ဆက်သွယ်ရေး၏ပြင်ဆင်မှုများအပေါ်လေ့လာမှုကိုရယူသည့် ဒါရိုက်တာ
  • ကထိက၊ သင်တန်းစီမံခန့်ခွဲသူ ၊ ထိုင်းနိုင်ငံ၏ တယ်လီဖုန်းအဖွဲ့အစည်း
အမြင်
          ဒေါက်တာ ပရာစတ် ပရာပိင်မွန်ဂ်ကိုလ်ကန်မ် (Dr. Prasit Prapinmongkolkarn) မှ တယ်လီဆက်သွယ်ရေးးအကြောင်းအတွက် သူ၏အမြင်ကို အောက်ပါအတိုင်းဖော်ပြခဲ့သည်

          “တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတစ်နိုင်ငံ၏ အကျိုးရှိထိန်းသိမ်းသောစီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုပ်မြစ်အဖြစ် မြှင့်တင်လုပ်ဆောင်ပေးသည့်အပြင်၊ တယ်လီဆက်သွယ်ရေးဆိုင်ရာ   စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံအတွင်းအကျိုးရလဒ်များ နှင့် ထိုင်းလူမျိုးများအတွက် အမြင့်ဆုံး  အကျိုးကျေးဇူးများအတွက် လွတ်လပ်စွာ၊ အကျိုးရှိစွာ၊ နှင့် တရားမျှတစွာ လုပ်ဆောင်နိုင်စေပါတယ်။”

          တယ်လီဆက်သွယ်ရေးအခန်းကဏ္ဍမှာ ယဉ်ပြိုင်မှုအလွန်မြင့်မားပြီး ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုလိုအပ်သည့်အပြင်၊ ၎င်း၏ သက်တမ်း  မှာလည်း တိုတောင်းပါသည်။ NTC အနေဖြင့် နိုင်ငံ၏တယ်လီဆက်သွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို အခြားနိုင်ငံများနှင့် တွဲ၍ လူထုနှင့်စားသုံးသူအကျိုးရလဒ်များအတွက် သင့်လျော်အောင်လုပ်ခြင်း၊ တိုးချဲ့ခြင်း နှင့် ယဉ်ပြိုင်ခြင်းတို့ကို ပံ့ပိုးကူညီသွားရန်   ရည်မှန်းထားပါသည်။

အပေါ်ယံမူဝါဒမှအပ၊ NTC ၏ တာဝန်များနှင့်ရည်မှန်းချက်များကိုဖြည့်ဆီးပေးမည့် အဓိကအချက် လေးချက်ရှိပါသည်  -
  • ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် တယ်လီဆက်သွယ်ရေးဆိုင်ရာစီးပွားရေးလုပ်ငန်းနှင့် နိုင်ငံအကျိုးကျေးဇူးများအတွက်သေချာစေရန်   နိုင်ငံတကာဆိုင်ရာတယ်လီဆက်သွယ်ရေးမူဝါဒ၊ - ဥပမာအားဖြင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဆင့်တိုးခြင်းနှင့် ကွန်ယက်အတွက်  နိုင်ငံတကာအဖွဲ့အစည်းနှင့် နိုင်ငံတကာတယ်လီဆက်သွယ်ရေးဆိုင်ရာစီးပွားရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း၊  ထိုင်းနိုင်ငံအားစီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင်ခြင်း၊ နှင့် အစုရှယ်ယာဝင်များမူဝါဒတစ်ခုကို အစီရင်ခံတင်ခြင်းစ သည့် နည်းဗျူဟာများကို အကောင်အထည်ဖော်ခြင်း၊ ထိုင်းနိုင်ငံအတွင်း MNEs ၏ M&A အပေးအယူများကို တိုးမြှင့်ခြင်း၊ နှင့် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် နည်းပညာကူးပြောင်းမှုကို တိုးမြှင့်ခြင်း။
  • နိုင်ငံ၏ ICT အပိုင်းအပေါ် မူဝါဒထားရှိခြင်း နှင့် ၂၀၀၉ ခုနှစ် ကန့်သတ်ထိန်းချုပ်မှုထားခြင်းမှကင်းလွတ်ကာလအတွင်း ယဉ်ပြိုင်မှု  များကို တိုးမြှင့်ခြင်း။ NTC အနေဖြင့် အောက်ပါအချက် ၅ ချက်အပေါ် လိုက်နာဆောင်ရွက်သင့်ပါသည် - သွင်းကုန်အစားထိုးကုန်ပစ္စည်းများ တိုးချဲ့ခြင်း၊ ပို့ကုန်များ အားပေးဆောင်ရွက်မှုကို ဖန်တီးပေးခြင်း၊ နိုင်ငံတကာဆိုင်ရာ တယ်လီ ဆက်သွယ်ရေးဝန်ဆောင်မှုအတွက်ကုန်ခံမှုများကို လျော့ချခြင်းအားဖြင့် ဆက်သွယ်ရေးဂြိုလ်တုများနှင့် အင်တာနက်အမြန်နှုန်းမှ တဆင့် နိုင်ငံခြားကိုလည်း တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကိုထောက်ပံ့ပေးသည့် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ခြင်း ၊ ဤအရာတို့သည် ICT စီးပွားရေးလုပ်ငန်းမှ ကွန်ပြူတာညွှန်ကြားချက်စသည့် ထိုင်းနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည့်  တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုအစိတ်အပိုင်းအချို့တွင် ပါဝင်လာကြခြင်း ဖြစ်သည်။
  • စာတိုက်နှင့်ကြေးနန်းဌာနမှရယူခဲ့သည့် လမ်းစဉ်နှင့် ထိုင်းယဉ်ကျေးဇူး၊ နိုင်ငံတကာဆိုင်ရာ တယ်လီဆက်သွယ်ရေးအသင်းမှ  အကြံဥာဏ်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဈေးကွက်တွင်အမှန်တကယ်ရောင်ပြန်ဟက်လာမည့် ကြိမ်နှုန်းပြအလုပ်တာဝန်အစီအစဉ်ကို  NTC မှ လေ့လာ၊ ဆန်းစစ်၊ ဖန်တီးသင့်သော အသံလှိုင်းစဉ်နှင့်ကြိမ်နှုန်းအပေါ် မူဝါဒအလုပ်တာဝန်အစီအစဉ် ။
  • လူသား၊ လူမှုရေး၊ နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့် ဒေသခံနယ်ပယ်များနှင့်ရွာများတစ်လျှောက် နှင့် ဒေသများရှိ လူထုနှင့်ကျောင်းသူကျောင်းသားများအား အခမဲ့အင်တာနက်ရယူနိုင်မှုကို တိုးမြှင့်အားပေးခြင်း နှင့် ပညာရေးနှင့်အခြေခံလိုအပ်မှု  များအတွက် မကြာခဏအကူအညီပေးခြင်းစသည်တို့အပေါ် မူဝါဒထားခြင်း။
     


အမြင်
          ဒေါက်တာ ပရာစတ် ပရာပိင်မွန်ဂ်ကိုလ်ကန်မ် (Dr. Prasit Prapinmongkolkarn) မှ တယ်လီဆက်သွယ်ရေးးအကြောင်းအတွက် သူ၏အမြင်ကို အောက်ပါအတိုင်းဖော်ပြခဲ့သည်

“တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကို နိုင်ငံတစ်နိုင်ငံ၏ အကျိုးရှိထိန်းသိမ်းသောစီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုပ်မြစ်အဖြစ် မြှင့်တင်လုပ်ဆောင်ပေးသည့်အပြင်၊ တယ်လီဆက်သွယ်ရေးဆိုင်ရာ   စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံအတွင်းအကျိုးရလဒ်များ နှင့် ထိုင်းလူမျိုးများအတွက် အမြင့်ဆုံး  အကျိုးကျေးဇူးများအတွက် လွတ်လပ်စွာ၊ အကျိုးရှိစွာ၊ နှင့် တရားမျှတစွာ လုပ်ဆောင်နိုင်စေပါတယ်။”
 

បង្កើតឡើងដោយ  -   (12/07/19 10:06:47)