ရုပ်သံလိုင်းလုပ်ငန်းဈေးကွက်အခြေအနေဆိုင်ရာအချက်အလက်များအတွက် ရှုထောင့်စုံလင်ပြဇယား

            အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားစီးပွားရေးလုပ်ငန်းများ၏အချက်အလက်များကိုရှုထောင့် စုံလင်ပြ ဇယား (Business Intelligence: BI) ထဲတွင်ပြသခြင်းဖြစ်သည်။ နောက်ကြောင်းဆိုင်ရာအချက်အလက်များ ကိုပစ္စုပ္ပန်နေ့အထိပြန်လည်ပြသစေလိုပါကအချိန်ကိုရွေးချယ်နိုင်သော Interactive ပုံစံအင်္ဂါရပ်များရှိသည်။ စက်မှုလုပ်ငန်းများ၏ဖြစ်ပေါ်လျှက်ရှိသောအမှန်တကယ်လမ်းကြောင်းသစ်ကိုသိနိုင်သည်၊အသုံးပြုရန်လွယ် ကူပြီး၊လေ့လာမှု၊သုသေသနပြုမှုများအတွက်အဆင်ပြေသည်၊ရုပ်မြင်သံကြားစီးပွားရေးလုပ်ငန်းဝန်ထမ်းများ၊ ပညာရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် အထွေထွေပြည်သူလူထုများအတွက် အသိပညာဖန်ဆင်းမှု များဖြစ်ပေါ်စေသဖြင့်လူ့အဖွဲ့အစည်းအားဒေတာအချက်အလက်များကို ထိရောက်စွာအသုံး ပြုနိုင်ပြီး၊ အများ ဆုံးအကျိုးကျေးဇူးရရှိနိုင်သည်။
            ရုပ်သံလိုင်း၏အဓိကဝဘ်ဆိုဒ်ဖြစ်သော (www.nbtc.go.th) ၏ "Research/Development" မီနူး အောက်တွင် “ရုပ်မြင်သံကြားစီးပွားရေးလုပ်ငန်းအခြေအနေဆိုင်ရာအချက်အလက်များ” ခေါင်းစဉ်ဖြင့်ထုတ် ပြန်ကြေညာထားသည်၊ ၂၀၁၅ ခုနှစ် ဧပြီလ ၂ ရက်မှစ၍ စတင်အသုံးပြုနိုင်သည်၊ စက်မှုလုပ်ငန်းလှုပ်ရှားမှု များဆိုင်ရာအစီရင်ခံစာအကြောင်းအရာများ၊ ဥပမာ အိမ်ထောင်စုအလိုက် တီဗွီကြည့်သူထိုးဖောက်နိုင်မှု အချိုးအစားများ (Household Penetration)၊ အသင်းဝင်စနစ်ဖြင့် ရုပ်သံလိုင်းကြည့်ရှုသူများနှင့် ယေဘုယျ အားဖြင့်ဝန်ဆောင်မှုများ (% Share Viewer) အချိုးအစားများ၊ ရုပ်သံလိုင်းကြည့်ရှုသူများ၏ကြိုက်နှစ်သက်မှု (TV Rating: TVR) များကို TV Rating by Category ချန်နယ်အမျိုးအစားနှင့် အသက်အရွယ် (TV Rating by Age) အလိုက်ခွဲခြားထားသည့်အပြင်၊ ရုပ်သံလိုင်းစီးပွားရေးလုပ်ငန်း၏ကြော်ငြာအသုံးစရိတ်များဆိုင်ရာ အချက်လက်တန်ဖိုးများ (TV Advertising Spending) ကိုလည်းဖေါ်ပြထားသည်။



 
                               linkstat.jpg

Create By  -