Banner

လုပ်ငန်းစီမံခန့်ခွဲခြင်းတည်ဆောက်ပုံနှင့်တာဝန်အာဏာ

၂၀၁၀ ခုနှစ် အဖွဲ့အစည်းအက်ဥပဒေ၏ ပုဒ်မ ၅၄ အရ ရန်ပုံငွေစီမံခန့်ခွဲခြင်းကော်မတီအဖွဲ့ ရှိစေရန်သတ်မှတ်ပြီး ကောဆောထောချောကော်မတီအား ရန်ပုံငွေစီမံခန့်ခွဲခြင်းကော်မတီအဖွဲ့ဦးစီး ဖြစ်စေရန် ထို့အပြင် အစိုးရဌာနမှ ရာထူးအရ ကော်မတီ ၄ ဦးရှိစေ၍ ၎င်းတို့မှာ ၀န်ကြီးချုပ်ဌာနလက်ထောက်၊ နိုင်ငံတော်စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့အတွင်းဝန်၊ အထွေထွေစာရင်းအင်းဌာနပါမောက္ခချုပ် နှင့် နိုင်ငံတော်အီလက်ထရောနစ်တက်နိုလော်ဂျီ နှင့် ကွန်ပျူတာစင်တာညွှန်ကြားရေးမှူးတို့သည် ရာထူးအရ ကော်မတီ ဖြစ်စေရန် နှင့် ကောထောပေါဆော်၏ ရည်ရွယ်ချက်နှင့်ပတ်သက်မှုရှိသော အပိုင်းအမျိုးမျိုးတွင် အသိပညာနှင့်အတွေ့အကြုံရှိသော ၀ါရင့်ကော်မတီ နောက်ထပ် ၅ ဦးရှိစေပြီး ၎င်းတို့မှာ လူပုဂ္ဂိုလ်နှင့်အသံလွှင့် သတင်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးရေးအပိုင်း ကော်မတီ ၁ ဦး၊ ရုပ်မြင်သံကြားသတင်းအပိုင်း ၁ ဦး၊ ချို့တဲ့သူအား ကျယ်ပြန့်သောအခြေခံဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုပေးခြင်းအပိုင်း ၁ ဦး၊ သုံးစွဲသူ၏ အခွင့်အရေးထိန်းသိမ်းစောင့်ရှောက်ခြင်း(သို့)ပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်မှု တိုးမြှင့်ပေးခြင်းအပိုင်း ၁ ဦး၊ နှင့် အခွင့်အရေးတိုးမြှင့်ခြင်းနှင့်ချို့တဲ့သူ၏အခွင့်အရေး စောင့်ရှောက်ခြင်းအပိုင်း ၁ ဦး၊ ကောဆောထောချော အတွင်းဝန်အား ကော်မတီနှင့်အတွင်းဝန်တာဝန်ရှိစေခြင်းနှင့် ကောဆောထောချောဌာနလက်အောက်ရှိဖြစ်သော သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေဌာနမှ စီရင်ခြင်းလုပ်ငန်းများတာဝန်ယူစေခြင်းအပါအ၀င် ရန်ပုံငွေစီမံခန့်ခွဲခြင်း ကော်မတီအဖွဲ့နှင့်ယေဘုယျလုပ်ငန်းများ - ညွှန်ကြားရေးမှူးလုပ်ငန်း၊ လုပ်ငန်းနှင့်ပတ်သက်သော ကြေညာချက်(သို့) စည်းကမ်းချက်များ ရေးဆွဲခြင်း၊ အစီအစဉ်ချမှတ်ခြင်း၊ ငွေစီမံခန့်ခွဲခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်း၊ စာရင်းအင်းနှင့် စာရင်းစံနစ်ပြုလုပ်ခြင်း၊ အစီရင်ခံစာစုစည်းခြင်းနှင့်တင်ပြခြင်း၊ လူမှုဆက်ဆံခြင်း၊ ရည်ရွယ်ချက်အတိုင်း နည်းလမ်းအရ ဖြစ်စေရန်လုပ်ဆောင်ခြင်းအတွက် စီမံကိန်းဝေဖန်ပိုင်းခြားခြင်း၊ တာဝန်အပ်ခံရသည့်အတိုင်း အခြားလုပ်ငန်းများ လုပ်ဆောင်ခြင်း စသည်တို့၏ လုပ်ငန်းလုပ်ဆောင်ခြင်းထောက်ပံ့ပေးခြင်းတို့ဖြစ်သည်။

ထို့အပြင် ၂၀၁၀ ခုနှစ် အဖွဲ့အစည်းအက်ဥပဒေ၏ ပုဒ်မ ၅၅ အရ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား အောက်ပါအတိုင်းတာဝန်အာဏာရှိစေသည်။

            (၁)       ကောထောပေါဆော် စီမံခန့်ခွဲမှုပြုလုပ်ခြင်း
            (၂)       ကောဆောထောချောမှ သဘောတူညီချက်ရရှိရန်အတွက် ကောဆောထောချောအား ရန်ပုံငွေ၏         ရည်ရွယ်ချက်အတိုင်း သုံးစွဲရန်အတွက် ငွေစီမံခြင်းနှင့်ပတ်သက်သည့် ထင်မြင်ချက်တင်ပြခြင်း
            (၃)       ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စာရင်းအင်းနှင့်စာရင်းစံနစ်ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်ထုတ်ပြန်ခြင်း
            (၄)       ကောဆောထောချောဌာန၏ အီလက်ထရောနစ်သတင်းမီဒီယာမှတဆင့် ပြည်သူများသိရှိစေရန်          ကောထောပေါဆော်၏ ငွေစီမံခြင်းနှင့်လုပ်ငန်းလုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အသေးစိတ်များကို          ဖော်ပြခြင်း

ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အပြင် ၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်းအဖွဲ့အစည်း အက်ဥပဒေ၏ ပုဒ်မ ၃၃ နှင့် ကောဆောထောချောအစည်းအဝေး အမှတ်စဉ် ၄/၂၀၁၆၏ ဆုံးဖြတ်ချက်နှင့် ပူးပေါင်း၍ ကောဆောထောချော ကော်မတီအဖွဲ့သည် ကော်မတီခွဲအဖွဲ့ ၄ ဖွဲ့တည်ထောင်ပြီး ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခြင်း ထောက်ပံ့ရာတွင် အောက်ပါအတိုင်း တာဝန်အမျိုးမျိုးရှိစေသည်။

ကော်မတီခွဲအဖွဲ့သည် အများအကျိုးအတွက် အသံလွှင့်ခြင်းလုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေမှ အသုံးပြုသော စီမံကိန်းနှင့်ခန့်မှန်းငွေများကို စီစစ်သည်။

ကော်မတီခွဲအဖွဲ့သည် စီမံကိန်းနှင့်ခန့်မှန်းငွေများကို စီစစ်ပြီး ရန်ပုံငွေမှမြှင့်တင်ခြင်းနှင့်ထောက်ပံ့ငွေ တောင်းဆိုသော စီမံကိန်းနှင့်ခန့်မှန်းငွေစီစစ်သုံးသပ်ရာတွင် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ လုပ်ငန်းလုပ်ဆောင် ခြင်း ထောက်ပံ့မှုပေးခြင်းတာဝန်ပြုလုပ်ပြီး အောက်ပါအတိုင်းတာဝန်အာဏာရှိသည်။

            (၁)       ရန်ပုံငွေမှ မြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းတောင်းခံသော စီမံကိန်းစီစစ်မှု သတ်မှတ်ချက်၊ အစီအစဉ်၊ နှင့်လမ်းစဉ်သတ်မှတ်ခြင်းနှင့် ပတ်သက်သော ထင်မြင်ချက်တင်ပြခြင်း
            (၂)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား စီရင်သုံးသပ်ရန် တင်ပြခြင်းအတွက် ရန်ပုံငွေမှ မြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းတောင်းခံသော စီမံကိန်းစီစစ်မှု စီရင်သုံးသပ်ခြင်း
            (၃)       ပတ်သက်မှုရှိသောအခြားဌာနနှင့် အလုပ်ဆွေးနွေးခြင်းနှင့်ပူးပေါင်းလုပ်ငန်းဆောင်ရွက်ခြင်း(သို့) လုပ်ငန်းဆောင်ရွက်မှုထောက်ပံ့ခြင်း
            (၄)       လိုအပ်ချက်နှင့်သင့်လျော်သည့်အတိုင်း ကော်မတီခွဲအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခြင်း ကူညီရန်အတွက် အလုပ်လုပ်ခြင်းအဖွဲ့ တည်ထောင်မှု အကြံဉာဏ်ပေးခြင်း
            (၅)       ကော်မတီခွဲအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခြင်းအတွက် အချက်အလက်(သို့)ထင်မြင်ချက်ပေးရာတွင် ဖြစ်ရပ်မှန်လာရောက်ရှင်းပြရန် ပတ်သက်မှုရှိသည့် လူပုဂ္ဂိုလ်(သို့)ဌာနဖိတ်ကြားခြင်း
            (၆)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား သိရှိစေရန် အနည်းဆုံးတစ်မတ်တင်းလျှင် ၁ ကြိမ် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရန်
            (၇)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ပေးအပ်သည့်အတိုင်း အခြားလုပ်ငန်းများဆောင်ရွက်ရန်
 

ကော်မတီခွဲအဖွဲ့သည် သုတေသနရန်ပုံငွေစီမံကိန်း ခန့်မှန်းခြင်းနှင့်လိုက်လံစောင့်ကြည့်ခြင်း နှင့် အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးခြင်းပြုလုပ်သည်။

စီမံကိန်းခန့်မှန်းခြင်းနှင့်လိုက်လံစောင့်ကြည့်ခြင်း ကော်မတီခွဲအဖွဲ့သည် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ ထောက်ပံ့မှုရရှိသော စီမံကိန်းခန့်မှန်ခြင်းနှင့်လိုက်လံစောင့်ကြည့်ခြင်း လုပ်ငန်းလုပ်ဆောင်ရာတွင် သေသပ်စွာ ပြီးဆုံးရန်နှင့် ပို၍အရည်အသွေးကောင်းမွန်စေရန်အတွက် ကူညီထောက်ပံ့မှုပေးရန် တည်ထောင်ခြင်းဖြစ်ပြီး အောက်ပါအတိုင်း တာဝန်အာဏာရှိသည်။

            (၁)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား သုံးသပ်စီစစ်ရန် တင်ပြခြင်းအတွက် ရန်ပုံငွေမှမြှင့်တင်ခြင်း နှင့်ထောက်ပံ့ငွေရရှိသော စီမံကိန်းခန့်မှန်းခြင်းနှင့်လိုက်လံစောင့်ကြည့်ခြင်း နည်းလမ်းများနှင့်ပတ်သက်သော ထင်မြင်ချက်များပေးခြင်း
            (၂)       ရန်ပုံငွေ၏ရည်ရွယ်ချက်အတိုင်းဖြစ်စေရန် ငွေအသုံးပြုခြင်း ခန့်မှန်းခြင်းနှင့်လိုက်လံစောင့်ကြည့်ခြင်း၊ နှင့်ပို၍အရည်အသွေးကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်းနည်းလမ်းကို တင်ပြခြင်း
            (၃)       ကော်မတီအဖွဲ့စီစစ်သုံးသပ်ရန် တင်ပြခြင်းအတွက် ၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်း အက်ဥပဒေ၏ ပုဒ်မ ၅၂ အရ ရန်ပုံငွေအသုံးပြုခြင်း အရည်အသွေးနှင့်ရလဒ်များ လေ့လာခြင်း၊ စုစည်းခြင်း နှင့် တင်ပြစာပြုလုပ်ခြင်း
            (၄)       ကော်မတီစီစစ်သုံသပ်ရန် တင်ပြခြင်းအတွက် ရန်ပုံငွေ၏နှစ်ချုပ် လုပ်ငန်းဆောင်ရွက်မှုများကို စီစစ်ခန့်မှန်းခြင်း
            (၅)       ပတ်သက်မှုရှိသောအခြားဌာနနှင့် အလုပ်ဆွေးနွေးခြင်းနှင့်ပူးပေါင်းလုပ်ငန်းဆောင်ရွက်ခြင်း(သို့) လုပ်ငန်းဆောင်ရွက်မှုထောက်ပံ့ခြင်း
            (၆)       လိုအပ်ချက်နှင့်သင့်လျော်သည့်အတိုင်း ကော်မတီခွဲအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခြင်း ကူညီရန်အတွက် အလုပ်လုပ်ခြင်းအဖွဲ့ တည်ထောင်မှု အကြံဉာဏ်ပေးခြင်း
            (၇)       ကော်မတီခွဲအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခြင်းအတွက် အချက်အလက်(သို့)ထင်မြင်ချက်ပေးရာတွင် ဖြစ်ရပ်မှန်လာရောက်ရှင်းပြရန် ပတ်သက်မှုရှိသည့် လူပုဂ္ဂိုလ်(သို့)ဌာနဖိတ်ကြားခြင်း
            (၈)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား သိရှိစေရန် အနည်းဆုံးတစ်မတ်တင်းလျှင် ၁ ကြိမ် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရန်
            (၉)       ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ပေးအပ်သည့်အတိုင်း အခြားလုပ်ငန်းများဆောင်ရွက်ရန်

ကော်မတီခွဲအဖွဲ့သည် သုတေသနရန်ပုံငွေ မူဝါဒနှင့်မဟာဗျူဟာအစီအစဉ် ဆောင်ရွက်ခြင်း နှင့် အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးခြင်းပြုလုပ်သည်။

ကော်မတီခွဲအဖွဲ့သည် မူဝါဒနှင့်မဟာဗျူဟာအစီအစဉ် ဆောင်ရွက်ပြီး ရန်ပုံငွေ၏မူဝါဒနှင့် မဟာဗျူဟာ အစီအစဉ်ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်ရန်နှင့် ၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့် လုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှုကြီးကြပ်ခြင်းအဖွဲ့အစည်း အက်ဥပဒေ အတိုင်း ရန်ပုံငွေ၏ရည်ရွယ်ချက်အတိုင်းဖြစ်စေရန် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်မှုတွင် ထောက်ပံ့ပေးခြင်းတာဝန်ပြုလုပ်ပြီး အောက်ပါအတိုင်း တာဝန်အာဏာရှိသည်။

            (၁)       ရန်ပုံငွေမူဝါဒနှင့်မဟာဗျူဟာအစီအစဉ် ပြုပြင်ပြောင်းလဲရန်သုံးသပ်ခြင်းအတွက် ရန်ပုံငွေမူဝါဒနှင့် မဟာဗျူဟာအစီအစဉ်နှင့်ပတ်သက်သည့် ထင်မြင်ချက်တင်ပြခြင်းနှင့် ရန်ပုံငွေ၏နှစ်ချုပ်လုပ်ငန်းဆောင်ရွက်ခြင်း အစီအစဉ်မူကြမ်းရေးဆွဲရန်
            (၂)       ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ကြေညာသတ်မှတ်သည့်အတိုင်း(စီမံကိန်းအမျိုးအစား ၂) စီမံကိန်းအတွက် ရန်ပုံငွေစီမံခြင်း မူဝါဒသတ်မှတ်ခြင်းနှင့်ပတ်သက်သော ထင်မြင်ချက်တင်ပြခြင်းနှင့် ၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့် လုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှုကြီးကြပ်ခြင်းအဖွဲ့အစည်း အက်ဥပဒေ၏ ပုဒ်မ ၅၂(၅)အရ အန္တရာယ်ကင်းရှင်းနှင့်တီထွင်ဆန်းသစ်သတင်း ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေအတိုင်း လုပ်ငန်းဆောင်ရွက်ခြင်း ထောက်ပံ့ပေးမှုနည်းလမ်းနှင့်ပတ်သက်သော ထင်မြင်ချက်တင်ပြခြင်း
            (၃)       ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ကြေညာသတ်မှတ်သည့်အတိုင်း(စီမံကိန်းအမျိုးအစား ၂) စီမံကိန်းလုပ်ငန်း နယ်ပယ်(TOR)ပြုလုပ်ခြင်းနှင့်ပတ်သက်သော ထင်မြင်ချက်တင်ပြခြင်း
            (၄)       စီစစ်သုံးသပ်ရန် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့သို့ ညွှန်ကြားချက်သတ်မှတ်ခြင်း၊ ထိန်းသိမ်းခြင်း နည်းလမ်း၊ သုံးစွဲခြင်း၊ ရန်ပုံငွေစာရင်းအင်းနှင့်စာရင်းစံနစ်ပြုလုပ်ခြင်းနှင့် ပတ်သက်သည့်ထင်မြင်ချက် တင်ပြခြင်း
            (၅)       အရည်အသွေးကောင်းနှင့်တည်တံ့မှုရှိစေရန်တွင် ရန်ပုံငွေစီမံခန့်ခွဲခြင်းနှင့်ပတ်သက်သည့် ထင်မြင်ချက်တင်ပြခြင်း
            (၆)       ရန်ပုံငွေအသုံပြုခြင်း အရည်အသွေးကောင်းစွာနှင့် သတ်မှတ်သည့်မဟာဗျူဟာအစီအစဉ်အတိုင်း ဖြစ်စေရန်အတွက် စီစစ်သုံးသပ်ရန် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့သို့ နှစ်ချုပ်ခန့်မှန်းချေငွေပမာဏ လေ့လာခြင်း၊ စုစည်းခြင်းနှင့် တင်ပြခြင်း
            (၇)       ထိန်းသိမ်းပြုပြင်ခြင်းနှင့်အရည်အသွေးအမြင့်ဆုံးဖြစ်စေရန်အတွက် မူဝါဒသတ်မှတ်ခြင်းနှင့် ရန်ပုံငွေ စီမံခြင်းနှင့်ပတ်သက်မှုတွင် ကောဆောထောချောနှင့်ပူးပေါင်းလုပ်ငန်းပြုလုပ်မှု ဆက်နွယ်ခြင်းနှင့်ဆက်သွယ်ခြင်း
            (၈)       ပတ်သက်မှုရှိသောအခြားဌာနနှင့် အလုပ်ဆွေးနွေးခြင်းနှင့်ပူးပေါင်းလုပ်ငန်းဆောင်ရွက်ခြင်း(သို့) လုပ်ငန်းဆောင်ရွက်မှုထောက်ပံ့ခြင်း
            (၉)       ကော်မတီခွဲအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခြင်းအတွက် အချက်အလက်(သို့)ထင်မြင်ချက်ပေးရာတွင် ဖြစ်ရပ်မှန်လာရောက်ရှင်းပြရန် ပတ်သက်မှုရှိသည့် လူပုဂ္ဂိုလ်(သို့)ဌာနဖိတ်ကြားခြင်း
            (၁၀)     ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား သိရှိစေရန် အနည်းဆုံးတစ်မတ်တင်းလျှင် ၁ ကြိမ် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရန်
            (၁၁)     ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ပေးအပ်သည့်အတိုင်း အခြားလုပ်ငန်းများဆောင်ရွက်ရန်

ကော်မတီခွဲအဖွဲ့သည် သုတေသနရန်ပုံငွေ၏ ငွေစွန့်စားမှုစီမံခန့်ခွဲခြင်း နှင့် အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးခြင်းပြုလုပ်သည်။

ကော်မတီခွဲအဖွဲ့သည် သုတေသနရန်ပုံငွေ၏ ငွေစွန့်စားမှုစီမံခန့်ခွဲခြင်း နှင့် အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးခြင်းပြုလုပ်ပြီး ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ခြင်းကို ထောက်ပံ့ပေးခြင်းတာဝန်ပြုလုပ်၍ အောက်ပါအတိုင်း တာဝန်အာဏာရှိသည်။

            (၁)       သုံးသပ်ရန် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား တင်ပြရန်အတွက် စွန့်စားမှုအဆင့်နှင့် သင့်တော်သောအကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေ၏ ရင်းနှီးမြုပ်နှံခြင်းနှင့် ပတ်သက်သည့် မူဝါဒ၊ ညွှန်ကြားချက်နှင့် နည်းလမ်းနယ်ပယ်ပြုလုပ်ခြင်း
            (၂)       လိုက်လံစောင့်ကြည့်ခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုထိန်းချုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့အား သိရှိစေခြင်း
            (၃)       ပေးအပ်ခြင်းခံရသည့်အတိုင်း အခြားလုပ်ငန်းများလုပ်ဆောင်ခြင်း

ဖန်တီးသူ  -   (25-05-2017 17:02:06)

Download

Page views: 1129