Banner

การสรรหา กสทช.

ပထမဦးဆုံး နိုင်ငံတော်ဆိုင်ရာအသံလွှတ်ခြင်းနှင့် တယ်လီဆက်သွယ်ရေး နှင့် တယ်လီဆက်သွယ်ရေးကော်မရှင် ရွေးချယ်မှု
          အဖွဲ့အစည်းအပေါ်ဥပဒေအပိုင်းကဏ္ဍ ၁၆ နှင့် ၁၇ မှနေပြီး ရေဒီယိုကြိမ်နှုန်းလိုင်းပြမှုကိုခန့်အပ်ခြင်း နှင့် အသံလွှင့်ခြင်း နှင့် တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုစည်းမျဉ်း B.E. ၂၅၅၃ (၂၀၁၀) အထိလုပ်ဆောင်သော NBTC ၏ ပထမဦးဆုံး ရွေးချယ်ခန့်အပ်မှုကို ၎င်းအား ဥပဒေအခန်းကဏ္ဍ ၁ အပိုင်း ၂ အရ၊ ကျွမ်းကျင်ပညာရှင် ၂၂ ဦးစာရင်းကို ပထမစာရင်းအတိုင်း ခန့်အပ်အဆိုပြုမှုမှတဆင့် ရှာဖွေသွားရန် နှင့် ဥပဒေအခန်ကဏ္ဍ ၁ အပိုင်း ၃ အရ ၎င်းသင့်လျော်သော ၂၂ ဦးကို ဒုတိယစာရင်းအတိုင်း ရွေးချယ်သွားရန်အဖြစ် NBTC ၏ ခန့်အပ်ရွေးချယ်မှုအားကြီးကြပ်သူအဖြစ် ဆီးနိတ်လွှတ်တော်အတွင်းဝန်မှ နည်းလမ်းတကျရွေးချယ်ရန်အတွက် ဆီးနိတ်လွှတ်တော်သို့ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များနှင့်အလုပ်အကိုင်မှတ်တမ်းများနှင့်အတူ စာရင်းနှစ်ခုမှ သင့်လျော်သည့်ပါဝင်သူ ၄၄ ဦးကို ဖော်ပြသွားမည် ဖြစ်သည်။ စာရင်းတစ်ခုစီတွင်၊ NBTC အတွက် သင့်လျော်သောကျွမ်းကျင်ပညာသူ များမှာ အောက်ပါအတိုင်းဖြစ်သည် -
 (ပထမစာရင်း) ကျွမ်းကျင် ၂၂ ဦး၏ အဆိုပြုချက်အားဖြင့်
  • အသံလွှင့်ဝန်ဆောင်မှုတွင် ကျွမ်းကျင်သူ နှစ်ဦး
  • တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုတွင် ကျွမ်းကျင်သူ နှစ်ဦး
  • တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုတွင် ကျွမ်းကျင် လေးဦး
  • ဥပဒေဆိုင်ရာ ကျွမ်းကျင် လေးဦး
  • စီးပွားရေးကဏ္ဍတွင် ကျွမ်းကျင်သူ လေးဦး
  • အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုများ၏စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ဝယ်ယူအားပေးသူအား ကာကွယ်ခြင်းကဏ္ဍတွင် ကျွမ်းကျင် နှစ်ဦး
  • တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများ၏စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ်ဝယ်ယူအားပေးသူအား ကာကွယ်ခြင်းကဏ္ဍတွင် ကျွမ်းကျင် နှစ်ဦး
  • အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုများ၏ စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ပညာရေးနှင့်ယဉ်ကျေးမှုကဏ္ဍတွင် ကျွမ်းကျင် နှစ်ဦး
(ဒုတိယစာရင်း) ကျွမ်းကျင် ၂၂ ဦး၏ ရွေးချယ်ခြင်းဖြင့်
  • အပိုင်း ၆ (၁) အသံလွှင့်ဝန်ဆောင်မှုတွင် ကျွမ်းကျင်သူ နှစ်ဦး
  • အပိုင်း ၆ (၁) တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုတွင် ကျွမ်းကျင် နှစ်ဦး
  • အပိုင်း ၆ (၂) တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုတွင် ကျွမ်းကျင်သူ လေးဦး
  • အပိုင်း ၆ (၃) အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုများ၏စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ဝယ်ယူအားပေးသူအား ကာကွယ်ခြင်းကဏ္ဍတွင် ဥပဒေဆိုင်ရာ ကျွမ်းကျင် လေးဦး
  • အပိုင်း ၆ (၃) အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုများ၏စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ဝယ်ယူအားပေးသူအား ကာကွယ်ခြင်းကဏ္ဍတွင် စီးပွားရေးဆိုင်ရာ ကျွမ်းကျင် လေးဦး
  • အပိုင်း ၆ (၄) တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများ၏စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ဝယ်ယူအားပေးသူအား ကာကွယ်ခြင်းကဏ္ဍ သို့မဟုတ် ပြည်သူများရပိုင်ခွင့်ကဏ္ဍတွင် ကျွမ်းကျင် နှစ်ဦး
  • အပိုင်း ၆ (၅) အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှု နှင့် တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများ၏ စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ပညာရေးနှင့်ယဉ်ကျေးမှုကဏ္ဍတွင် ကျွမ်းကျင် နှစ်ဦး
 
          ထို့နောက်၊ ဆီးနိတ်လွှတ်တော်သမ္မတမှ သာမန်ကော်မရှင်ကို နိုင်ငံတော်ဆိုင်ရာ အသံလွှင့်ခြင်း နှင့် တယ်လီ ဆက်သွယ်ရေးကော်မရှင်အဖွဲ့ဝင်များအတွက် ၎င်းတို့အား နည်းလမ်းတကျရွှေးချယ်ရန်အတွက် ဆီးနိတ် လွတ်တော်၏အဖွဲ့ဝင်များထံ ဖော်ပြ၍ သင့်လျော်သောကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကြောင်းအရာ၊ ဦးစီးဆောင်ရွက်မှု၊ နှင့် ကျင့်ဝတ်များကို ဆန်းစစ်ရန်  ခန့်အပ်ခဲ့သည်။

          တနင်္လာနေ့ စက်တင်ဘာလ ၅ ရက် ၂၀၁၁ ခုနှစ်၊ မနက် ၁၀.၁၀ နာရီတွင်၊ ဆီးနိတ်လွှတ်တော်မှ ၅ ကြိမ်မြောက် ဆီးနိတ်လွတ်တော်အစည်းအဝေး (သာမန်လွှတ်တော်အစည်းအဝေး) ကို ပြုလုပ်ခဲ့ပြီး ၎င်းတွင် အစည်းအဝေးဥက္ကဌမှ  နိုင်ငံတော်ဆိုင်ရာ အသံလွှင့်ခြင်းနှင့် တယ်လီ ဆက်သွယ်ရေးကော်မရှင်အဖွဲ့ဝင်များ B.E. ၂၅၅၃ (၂၀၁၀) အတွက် ရွေးချယ်မှု၏ အရေးကြီးသော အကြောင်းအရာတစ်ခုကို ဖော်ပြခဲ့သည်။ အထွေထွေကော်မတီဥက္ကဌမှ ကော်မတီအဖွဲ့ဝင်များ၏ဆွေးနွေးချက်များပြီးနောက် လူထုအစီရင်ခံစာတစ်ခုဖြစ်သည့် ကော်မတီအစီရင်ခံစာ၏ ပထမဆုံးအပိုင်ူးတွင်ဖော်ပြထားသည့် နိုင်ငံတော်ဆိုင်ရာအသံလွှင့်ခြင်း နှင့် တယ်လီဆက်သွယ်ရေး  ကော်မရှင် (NBTC) အတွက် သင့်လျော်သည့်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကြောင်းအရာ၊ ဦးစီးဆောင်ရွက်မှု နှင့် ကျင့်ဝတ် များကိုဆန်းစစ်သောအခါ၊ စည်းမျဉ်းပိုဒ်ခွဲ ၁၀၆ စာပိုဒ် ၂ အရ လျို့ဝှက်အစီရင်ခံတစ်ခုဖြစ်သည့် ၎င်း၏ဒုတိယပိုင်းကိုထည့်သွင်းစဉ်းစားရန်၊ ဆီးနိတ်လွှတ်တော်အစည်းအဝေး B.E. ၂၅၅၁ (၂၀၀၈) အပေါ် စည်းမျဉ်းများအရ၊ ကော်မတီမှ တောင်းဆိုထားသည့်အတိုင်း လျို့ဝှက်အစည်းအဝေးတစ်ခုကို အစည်းအဝေးဥက္ကဌမှ ပြုလုပ်ပေးခဲ့သည်။ ကော်မတီ၏ ဥက္ကဌမှ အစီအရင်ခံစာကိုတင်ပြခဲ့ပြီး အဖွဲ့ဝင်များကို ၎င်းအား လုံလောက်သောအချိန်တွင်ဆွေးနွေးပြီးခဲ့သောအခါ၊ အစည်းအဝေး ဥက္ကဌမှ အစည်းအဝေးတစ်ခုအား လူသိထင်ရှားလုပ်ဆောင်၍ ရွေးချယ်သွားမည့်သူများကို ၁၁ ယောက်အတွက်လျို့ဝှက်မဲပေးခြင်းဖြင့်  ရွေးချယ်သွားခဲ့သည်။ နိုင်ငံတော်ဆိုင်ရာအသံလွှင့်ခြင်း နှင့် တယ်လီဆက်သွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၏ရွေးချယ်မှုရလဒ်များမှာ  အောက်ပါအတိုင်းဖြစ်သည် -
 
  1. ၁။ ဥပဒေအပိုင်း ၆ (၁) အရ၊ အသံလွှင့်ဝန်ဆောင်မှု ကျွမ်းကျင်သူတစ်ဦး – လေတပ်အကြီးအကဲထိပ်တန်းအရာရှိ ထရီစ် ပွန်စ်ရီ (Air Chief Marshal Thares Poonsri)
  2. ၂။ ဥပဒေအပိုင်း ၆ (၁) အရ၊ တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှု ကျွမ်းကျင်တစ်ဦး - လက်ထောက်ဗိုလ်မှူးကြီး မီရာပွန်ဂ် မနာကိဂ်ျ (Lieutenant General Peerapong Manakij)
  3. ၃။ ဥပဒေအပိုင်း ၆ (၂) အရ၊ တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုအတွက် ကျွမ်းကျင် နှစ်ဦး - ဗိုလ်မှူး ဆတ်သပွန် မလီစူဝါန်  (Colonel Settapong Malisuwan) နှင့် ဗိုလ်မှူးကြီး နာတီး စူကွန်ရတ် (Colonel Natee Sukonrat)
  4. ၄။  ဥပဒေအပိုင်း ၆ (၃) အရ၊ ဥပဒေကဏ္ဍအတွက် ကျွမ်းကျင် နှစ်ဦး – မစ်စတာ စူထ်ထိပိုလ် ထဝီချိုင်ကန်ဂ် (Mr. Suthipol Thaweechaikarn) နှင့် ရဲဗိုလ်မှူးကြီး ထဝီစာခ် ငန်မ်-စာ-ငါ့ (Police Colonel Thaweesak Ngam-sa-nga)
  5. ၅။ ဥပဒေအပိုင်း ၆ (၃) အရ၊ စီးပွားရေးကဏ္ဍအတွက် ကျွမ်းကျင် နှစ်ဦး – လက်ထောက်ပါမောက္ခ ပရာဆာတ်ထ် စလ်ပိပတ်ထ် (Associate Professor Prasert Silpipat) နှင့် လက်ထောက်ပါမောက္ခ ထန်ဝတ်ထ်ချိုင် ဂျတ်ထရာပန်နွတ်ထ် (Assistant Professor Thawatchai Jittrapanunt)
  6. ၆။ ဥပဒေအပိုင်း ၆ (၄) အရ၊ အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှုအတွက် ဝယ်ယူအားပေးသူအား ကာကွယ်မှုကဏ္ဍအတွက် ကျွမ်းကျင် တစ်ဦး – မစ် စူပင်ယ ကလန်ဂ်နာရွန်ဂ် (Miss Supinya Klangnarong)
  7. ၇။ ဥပဒေအပိုင်း ၆ (၄) အရ၊ တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုအတွက် ဝယ်ယူအားပေးသူအားကာကွယ်ပေးမှုကဏ္ဍတွင် ကျွမ်းကျင် တစ်ဦး – မစ်စတာ ပရာဗတ် လီစတ်သပွန်ဂ်ဝန်ဂ်စ (Mr. Pravit Leesatapornwongsa)
  8. ၈။ ဥပဒေအပိုင်း ၆ (၅) အရ၊ အသံလွှင့်ခြင်းနှင့်တယ်လီဗေးရှင်းအသံလွှင့်ဝန်ဆောင်မှု နှင့် တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများ၏ စည်းကမ်းချက်ကိုအကျိုးခံစားခွင့်ရခြင်းအပေါ် ပညာရေးနှင့်ယဉ်ကျေးမှုကဏ္ဍတွင် ကျွမ်းကျင် တစ်ဦး - ဗိုလ်မှူးကြီး ဆူကိဂ်ျ ကမစွန်ထွာန် (General Sukij Samasoonthorn)
 
          ၎င်း ရွေးချယ်ခံရသူ ၂၂ ဦးသည်၊ ထို့နောက်၊ ဆီးနိတ်လွှတ်တော်မှ နိုင်ငံတော်ဆိုင်ရာအသံလွှင့်ခြင်းနှင့်တယ်လီဆက်သွယ်ရေး  ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ဆီးနိတ်လွှတ်တော်သမ္မတမှ ဥပဒေအပိုင်း ၁၇ စာပိုဒ် ၁ အရ အောင်မြင်စွာ  ရွေးချယ်ခံရသောသူများကို ကြေငြာခဲ့ပြီး၊ ရလဒ်ကို ဥပဒေ အပိုင်း ၁၇ စာပိုဒ် ၃ အရ၊ ရွေးချယ်မှုဥက္ကဌ နှင့် ဥက္ကဌလက်ထောက် နှစ်ဦးကို အတွက် NBTC ရုံးထံ တင်ပြခဲ့သည်။

          စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်တွင်၊ NBTC ရုံးမှ ဥက္ကဌ နှင့် လက်ထောက်ဥက္ကဌနှစ်ဦးကို ရွေးချယ်ရန် အစည်းအဝေးသို့ တက်ရောက်ရန် ဆီးနိတ်လွှတ်တော်မှရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း ၁၁ ဦးကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းကိုယ်စားလှယ်လောင်း များက တညီတညွှတ်တည်း လေတပ်အကြီးအကဲထိပ်တန်းအရာရှိ ထရီစ် ပွန်စ်ရီ (Air Chief Marshal Thares Poonsri) ကို ဥက္ကဌအဖြစ် နှင့်၊ ဗိုလ်မှူးကြီး နာတီး စူကွန်ရတ် (Colonel Natee Sukonrat) နှင့် ဗိုလ်မှူး ဆတ်သပွန် မလီစူဝါန် (Colonel Settapong Malisuwan)တို့ကို လက်ထောက်ဥက္ကဌအဖြစ် လျို့ဝှက်အစည်းအဝေးတွင် ရွေးချယ်ခဲ့သည်။ NBTC ရုံးမှနေ၍ ၎င်းရလဒ်ကို ဆီးနိတ်လွတ်တော်သမ္မတထံတွင် တင်ပြခဲ့သည်။

          စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ်တွင်၊ ဆီးနိတ်လွှတ်တော်အတွင်းဝန်များဌာနမှ ဥက္ကဌ ၊ လက်ထောက်ဥက္ကဌ နှစ်ဦး နှင့် ကော်မရှင်အဖွဲ့ဝင် ၈ ဦးတို့အပါအဝင် NBTC ရွေးချယ်မှုရလဒ်ကို တော်ဝင်အရှင်ဘုရင်ထံတင်ပြသွားမည့် ဝန်ကြီးချုပ်ထံကို  ပေးရမည့် လွှတ်တော်သမ္မတထံ တင်ပြခဲ့ကြသည်။

          အောက်တိုဘာလ ၄ ရက် ၂၀၁၁ ခုနှစ်တွင်၊ ဘုရင့်စည်းမျဉ်းဆိုင်ရာပုဂ္ဂလိကအတွင်းဝန်ရုံးမှ ပြန်လည်ဆန်းစစ်ခြင်းနှင့် ထည့်သွင်းစဉ်းစားချက်ကို အရှင်ဘုရင်သို့ မတင်ပြမီ အတွင်းသိအတိုင်ပင်ခံအဖွဲ့အစည်းအဝေးတွင် ဖော်ပြခဲ့သည်။
အောက်တိုဘာလ ၇ ရက် ၂၀၁၁ ခုနှစ်တွင်၊ ဝန်ကြီးချုပ်ရုံး၏ကြေငြာချက်အား ခန့်အပ်ထားသော နိုင်ငံတော်ဆိုင်ရာ အသံလွှင့်ခြင်းနှင့် တယ်လီဆက်သွယ်ရေးကော်မရှင်အဖွဲ့ဝင်များ ၁၁ ဦးကို အောက်ပါအတိုင်း တော်ဝင်အမိန့်တော်ပေးခြင်းမှ ဖော်ပြခဲ့သည် -
1. ၁။ လေတပ်အကြီးအကဲထိပ်တန်းအရာရှိ ထရီစ် ပွန်စ်ရီ   ဥက္ကဌ
2. ၂။ ဗိုလ်မှူးကြီး နာတီး စူကွန်ရတ်  ဒု-ဥက္ကဌ
3. ၃။ ဗိုလ်မှူး ဆတ်သပွန် မလီစူဝါန်  ဒု-ဥက္ကဌ
4. ၄။ လက်ထောက်ဗိုလ်မှူးကြီး မီရာပွန်ဂ် မနာကိဂ်ျ က်ာမရှင်အဖွဲ့ဝင်
5. ၅။ မစ်စတာ စူထ်ထိပိုလ် ထဝီချိုင်ကန်ဂ် က်ာမရှင်အဖွဲ့ဝင်
6. ၆။ ရဲဗိုလ်မှူးကြီး ထဝီစာခ် ငန်မ်-စာ-ငါ့ က်ာမရှင်အဖွဲ့ဝင်
7. ၇။ မစ်စတာ ပရာဆာတ်ထ် စလ်ပိပတ်ထ် က်ာမရှင်အဖွဲ့ဝင်
8. ၈။ မစ်စတာ ထန်ဝတ်ထ်ချိုင် ဂျတ်ထရာပန်နွတ် က်ာမရှင်အဖွဲ့ဝင်
9. ၉။ မစ် စူပင်ယ ကလန်ဂ်နာရွန်ဂ် က်ာမရှင်အဖွဲ့ဝင်
10. ၁၀။ မစ်စတာ ပရာဗတ် လီစတ်သပွန်ဂ်ဝန်ဂ်စ က်ာမရှင်အဖွဲ့ဝင်
11. ၁၁။ ဗိုလ်မှူးကြီး ဆူကိဂ်ျ ကမစွန်ထွာန်  က်ာမရှင်အဖွဲ့ဝင်

          အောက်တိုဘာလ ၇ ရက်နေ့ ၂၀၁၁ ခုနှစ်မှစ၍ အကျိုးသက်ရောက်မှုရှိသည်။ စာမျက်နှာ ၂၁ စာအုပ် ၁၂၈ အထူးအခန်းကဏ္ဍ ၁၁၈ Ngor အစိုးရပြန်တမ်း ၊ အောက်တိုဘာလ ၇ ရက်နေ့ ၂၀၁၁ ခုနှစ်။

ဖန်တီးသူ  - Supawan  Sittipanya (27-06-2019 11:13:12)

Download

Page views: 10343