မိုဘိုင်းဖုန်းသုံးအရေအတွက်အစဉ်မပြတ်တိုးမြှင့်စဉ်၊ ကမ္ဘာ့ရေဒီယိုဆက်သွယ်ရေးဆိုင်ရာအစည်းအဝေးတွင် မိုဘိုင်းဖုန်းလှိုင်းအစား၊ဂြိုဟ်တုလိုင်းအသုံးပြုရန်၊ ရုပ်သံလိုင်း၏ တွဲဘက်အတွင်းရေးမှူး “ဦးထနဖန်း” က ဖေါ်ပြခြင်း၊

ရုပ်သံလိုင်း တွဲဘက်အတွင်းရေးမှူး လေတပ်ဒုဗိုလ်မှူး ဒေါက်တာထနဖန်း ရိုင်ကျရိန်းပြောကြား ချက်အရ -  တရုတ်ပြည်တွင်ကျင်းပသော အာရှ-ပစိဖိတ်တယ်လီကွန်မြူနီတီ APT အဖွဲ့အစည်း၏ ၂၀၂၀ ထုနှစ်အတွင်း ရေဒီယိုဆက်သွယ်ရေး ဆိုင်ရာကမ္ဘာ့အစည်းအဝေးအတွက် တက်ရောက်သူအုပ်စုများ၏ ကြိုတင်ပြင်ဆင်မှုများ (The Asia-Pacific Telecommunity (APT) Conference Preparatory Group for WRC-19: APG19-1)၊ အဆိုပါအစည်းအဝေးတွင်အရေးကြီးသောကိစ္စရပ်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေး (International Mobile Telecommunications - IMT)  များအတွက် လက်ရှိအသုံးပြုနေသော Ka-band 26.5-40 GHz ဂြိုဟ်တုလှိုင်းကိုသက်ရောက်မှုရှိစေနိုင်သည့် 24.25-86 GHz တွင် လှိုင်းကြိမ်နှုန်း များထပ်မံကန့်သတ်မှုအကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်၊ မိုဘိုင်းစက်မှုလုပ်ငန်း အသုံးပြုလိုမှုပိုမိုတိုးပွားနေသော်လည်း၊ အဆိုပါ ဂြိုဟ်တုလှိုင်း သည် ထိုင်းနိုင်ငံကဲ့သို့သောနိုင်ငံအများ အပြားကလိုအပ်နေသေးသည်။

"အခုမိုဘိုင်းစက်မှုလုပ်ငန်းတွင် မိုဘိုင်းဖုန်းလှိုင်းကိုပိုမိုအသုံးပြုလာသည့်အတွက်၊ လက်ရှိ ရှိနေသော လှိုင်းသည် လုံလောက်စွာရှိမည်မဟုတ်ပါ၊ ထို့ကြောင့် Ka-band ဂြိုဟ်တုလှိုင်းကိုအသုံးပြုလိုသည်မှာ သေချာ သည်၊ သို့သော်အသုံးပြုလျှင်ဂြိုဟ်တုစီးပွားရေးလုပ်ငန်းကိုထိခိုက်နိုင်သည်၊ အလားတူစွာ ယနေ့ အသုံးပြုဖို့ မိုဘိုင်းလှိုင်းအလုံအလောက်မရှိသည့်အတွက်၊ မိုဘိုင်းဖုန်းလှိုင်းကိုမရှိမဖြစ်ထပ်မံအသုံးပြုရန်လိုအပ်လာလျှင်၊

ဂြိုဟ်တုလှိုင်းကို မသုံးမိစေရန်၊အချိန်မည်မျကြာကြာတားဆီးနိုင်မည်နည်း၊” ဟု လေတပ်ဒုဗိုလ်မှူး ဒေါက်တာ ထနဖန်းက ပြောကြားသွားသည်။
ထို့အပြင်အစည်းအဝေးတွင် ဂြိုဟ်တုပတ်လမ်းအဆိုင်ရာစည်းမျဉ်းစည်းကမ်းများသတ်မှတ်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။  A အဆင့် (Advance Publication Information) ကို ချွတ်ချပြီး၊ အဆင့် C (Coordination) နှင့်အဆင့် N (Notification) သာကြွင်းကျန်သဖြင့်လက်တွေ့တွင်အသေး စိတ်များကြည့်ရှုရ မည် ဖြစ်သည်။ ထို့အပြင် ပင်လယ်ရေကြောင်းရေးရာနှင့် လေကြောင်းရေးရာစီးပွားရေးလုပ်ငန်းများလည်း ဆွေးနွေးခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းနှစ်ခုစလုံးအတွက်ဘေးကင်းလုံခြုံရေးစနစ်ပိုမိုကောင်းမွန်စေရန်၊ Global Maritime Distress and Safety System (GMDSS) နှင့် Global Aeronautical Distress and Safety System (GADSS) လှိုင်းကြိမ်နှုန်း သတ်မှတ်ထားရန်တွန်းအားပေးထားသည်။

ရုပ်သံလိုင်း၏ ဒေသဆိုင်ရာစီမံခန့်ခွဲမှုလိုင်းမှ တွဲဘက်အတွင်းရေးမှူး ပြောကြားသည်မှာ- APG19-1 အစည်းအဝေးကွန်ဗင်းရှင်းသည် အစည်းအဝေး၏ဖွဲ့စည်းပုံနှင့်ဆောင်ရွက်မှုနည်းလမ်းများကိုသတ်မှတ်ရန်၊နှင့် အစည်းအဝေး၏အဆင့်အသီးသီးဆိုင်ရာ သဘာပတိများကိုရွေးကောက်တင်မြှောက်ရန်ရည်ရွယ်သည်။ ထို့အပြင် အဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ်အတွင်း WRC-19 အစည်းအဝေးကွန်ဗင်းရှင်းသို့ အာရှပစိဖိတ် ဒေသ၏ကိုယ်စားအနေဖြင့် အစည်းအဝေးအဆိုပြုချက်များစီစဉ်ပေးရန်အားပေးထောက်ခံသည်။ ထိုင်းနိုင်ငံ ကိုယ်စားအနေဖြင့် ရုပ်သံလိုင်းရုံးမှ နောက်ထပ် ၄ ကြိမ်တွင်ကျင်းပမည့် အစည်းအဝေးများ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းစီမံကိန်းများဆိုင်ရာအဆိုပြုချက်များကိုပို့ဆောင်ပေးခဲ့သည်။အောက်ပါအတိုင်းလုပ်ငန်းအုပ်စု ၆ စုခွဲခြားထားသည်။
၁. မိုဘိုင်းလုပ်ငန်း (Mobile Service) နှင့်မပြောင်းလဲသောလုပ်ငန်း (Fixed Service)၊
၂. မိုးဘိုင်းလုပ်ငန်းထဲတွင် ဘရော့ဒ်ဘန်းစနစ်ကိုပြုပြင်အသုံးချခြင်း၊
၃. ဂြိုဟ်တုလုပ်ငန်း၊
၎. သိပ္ပံနည်းကျရေးရာလုပ်ငန်း၊
၅. လေကြောင်း၊ ရေကြောင်းနှင့်အပျော်တမ်းရေဒီယိုလုပ်ငန်းနှင့်
၆. အထွေထွေအချက်များ၊ အပါအဝင်                                                                           
ရုပ်သံလိုင်းရုံးဝန်ထမ်းများကို Intelligent Transport System အစီအ စဉ်ထဲ တွင်သဘာပတိတာဝန်ထမ်း ဆောင်ရန်အဆိုတင်သွင်းခဲ့သည်။

ဖန်တီးသူ  -   (24-05-2017 17:29:57)

Download

Page views: 436